အခန်း (၂)

3.9K 88 3
                                    

" ဆံပင်တွေငြိဦးမယ် "

စကားသံနှင့်အတူ ဆံပင်များကိုအသာအယာဖယ်ရှားပေးနေသော လက်တစ်စုံ။

" ဘာတွေစဉ်းစားနေတာလဲ လေ့စ် "

ဘေးနားရှိဆူးပင်များနှင့်ငြိခါနီးဖြစ်နေသော ဆံနွယ်များကို အသာအယာအုပ်ကိုင်ပေးထားရင်း မေးမြန်းလာသော အစ်ကို ဟမ်းလစ်စ်။ အစ်ကို့အားလက်ညောင်းမည်ဆိုသောကြောင့် အလိုက်တသိပင် ထိုနေရာမှခွာ၍ ဘေးသို့အနည်းငယ်တိုးထိုင်လိုက်သည်။

ထိုအခါမှ ခေါင်းကိုကာပေးထားသော အစ်ကို့၏လက်များဖယ်သွားကာ ဘေးတွင်လာထိုင်လေသည်။

သူများကိုတော့ ဆူးနှင့်ငြိမှာစိုးပြီး သူကိုယ်တိုင်ကတော့ အဆူးဘက်ခြမ်းတွင်သာ ထိုင်နေလေသည်။

" အစ်ကို့ဆံပင်တွေပါငြိကုန်ဦးမယ် "

" မင်းဆံပင်တွေမငြိရင်ပြီးရော "

လေ့စ်၏ အစ်ကိုရင်းဖြစ်သူလော့စ်အဖမ်းခံရသည့်အချိန်မှစ၍ လေ့စ်အပေါ် ဂရုစိုက်ခဲ့၊ စောင့်ရှောက်ခဲ့သူက ဘာသွေးသားမှတော်စပ်ထားခြင်းမရှိသည့် အစ်ကိုဟမ်းလစ်စ်တစ်ဦးတည်းသာဖြစ်သည်။ ပျော်ရွှင်လျှင် ထပ်တူခံစားပေးသည်။ စိတ်ဓာတ်ကျလျှင် ထပ်တူကုစားပေးသည်။ ဘာအခက်အခဲရှိရှိ လေ့စ်အနားသို့ချက်ချင်းရောက်လာပေးတတ်သူက ဟမ်းလစ်စ်။

ယခုလည်း လေ့စ်ရှိသည့်နေရာသို့ အရောက်လာကာ အခြေအနေကိုအကဲခတ်နေသည့်နှယ် ဘေးတွင်သာငြိမ်ငြိမ်ထိုင်နေလေသည်။

" ကိုယ်တို့ဒီလိုထိုင်ပြီးဝမ်းနည်းနေလို့ ဘာမှဖြစ်မလာဘူးဆိုတာတော့ သိတယ်မလား "

ထိုသို့စကားကိုသာပြောနေပေမယ့် ဟမ်းလစ်စ်၏စိတ်ထဲတွင်လည်း မည်သို့ခံစားနေရမည်ကိုသိသည်။ သို့သော်လည်း ခံစားချက်မှန်သမျှအား ကန့်လန့်ကာချကာ အခြားသူများ၏အပူမှန်သမျှကိုသာဖြေရှင်းပေးတတ်သည်က ဟမ်းလစ်စ်၏ အဆိုးမမည် အကောင်းမဟုတ်သော အကျင့်တစ်ခုဖြစ်သည်။

" နောက်တစ်ယောက်ပါသွားပြန်ပြီ "

လေ့စ်သက်ပြင်းတစ်ချက်ချရင်း လက်ထဲရှိကိုင်ထားသော ကျောက်ခဲတစ်တုံးကို ကောက်ပေါက်လိုက်မိသည်။ ကျောက်ခဲအကြီးတစ်လုံးနှင့်တိုက်မိပြီး ထိုကျောက်ခဲလေးကွဲထွက်သွားရသည်။ ကျောက်ခဲအကြီးက မာလ်စတွန်ဆို ကျောက်ခဲလေးက အယ်လ်ဂါဖြစ်မည်။ ရန်သူကိုစအန်တုလျှင် အသက်နှင့်ကိုယ် အိုးစားကွဲရုံသာဖြစ်မည်။

You've reached the end of published parts.

⏰ Last updated: Aug 10, 2020 ⏰

Add this story to your Library to get notified about new parts!

F O R T U N E (Own Creation)Where stories live. Discover now