Unicode
နေ့လည်၂နာရီတွင် HOG Club၏ PUBG၎ာနခွဲ၌ပထမဆုံးအသင်း၏ခေါင်းဆောင်ဖြစ်သူသည် ကြိုးသိုင်းဖိနပ်တစ်ရံကိုစီးထားကာ အဖွဲ့ ယူနီဖောင်း ဂျာကင် ကိုပခုံးပေါ်၌တင်လျက်လက်ထဲတွင် ရေသန့် တစ်ဘူးကိုကိုင်ပြီး လေးကန်စွာပင်ခြေထောက်များကိုဆွဲ၍လမ်းလျောက်လာသည်။တတိယထပ်နှင့်ဆက်သွယ်ထားသောချန်ပီယံ နံရံ ဘေးရှိလှေကားထစ်တစ်ဆင့်ကို သူအေးအေးဆေးဆေးပင်ကျော်လိုက်သည်။ တတိယထပ်ကိုဖြတ်ရသောနံရံတွင် မရေမတွက်နိုင်သော ဒိုင်းဆုနှင့်ရွှေတံဆိပ်များဖြင့်ပြည့်နှက်နေ သည်။ သူတို့ထဲမှတစ်၀က်ကျော်ကျော်၌ ပထမဆုံးအသင်းခေါင်းဆောင်၏ player ID ဖြစ်သည့် Drunk ဟူသောအမည်ကိုထွင်းထားလေသည်။
Drunk_ချီဆွေ_HOG Club၏Cross Fire(CF) အဖွဲ့ခွဲအသင်းခေါင်းဆောင်ဟောင်း ၊တစ်နည်းပြောရလျှင် နိုင်ငံထဲရှိ eSport player တွေထဲတွင် လက်ရှိနာမည်အကြီးဆုံး top star တစ်ယောက်။ CF World Tournament တွင်သူတို့အဖွဲ့ကိုသုံးနှစ်ဆက်တိုက်ဦးဆောင်ခဲ့သူဖြစ်သည် ။
[T/N-World Tournament-နိုင်ငံကိုယ်စားပြုဂိမ်းပြိုင်ပွဲ]
World Championship ပြိုင်ပွဲတွင် သူဦးဆောင်ခဲ့သည့်သုံးနှစ်လုံး ကျရှုံးမှုမရှိဘဲ ပထမနေရာကိုမြဲမြံစွာဆုပ် ကိုင်နိုင်ခဲ့သည်။ သူပြိုင်ခဲ့သည့်သက်တမ်းတစ်လျောက်တွင် ဥရောပ၊ မြောက်အမေရိက နှင့်တောင်ကိုရီးယား ရှိအဖွဲ့များသည်သူ့ကိုကျော်ရန်မဖြစ်နိုင်သောကြောင့် အမြဲဆိုသလို ဒုတိယနေရာအတွက်သာရုန်းကန်ကြရလေသည် ။
သူ၏အစောပိုင်းနာမည်ကျော်ကြားမှုနှင့် ကစားသည့်သက်တမ်းကြာလာသည်နှင့်အမျှ နာမည်ပြောင်များစွာကိုလည်းပိုင်ဆိုင်ထားခဲ့သည်။ နတ်ဘုရားချီ၊ နတ်ဘုရားခုနှစ်၊ အပေါက်ဆိုးဆိုးဆွေ့ ၊ နတ်ဘုရား၏ညာလက်ရုံးအစရှိသည့်နာမည်အားလုံးမှာ လုံးလုံးလျားလျားပင်သူ့ကိုရည်ညွှန်းခြင်းဖြစ်လေသည်။
သို့သော်ဘယ်လိုသမိုင်းကိုပဲသူရေးထိုးခဲ့ပါစေ အခြေခံကျကျပြောရလျှင်တော့ ချီဆွေ့သည်အင်တာနက်ကို စွဲလန်းနေသည့်သာမန်ရုပ်ချောချောကောင်လေးတစ်ယောက်ပင်ဖြစ်ပေသည်။

YOU ARE READING
AWM:PUBG||Myanmar Translation[Dropped]
RomanceAuthor _ Manmanheqiduo 漫漫何其多 Native Title _AWM [绝地求生] Eng Translator _Cherry ||Blackbox translation [Start Date~18.7.2020] Permission was granted by e...