Chapter : 37 Sacrifice

2.4K 247 16
                                    

Zawgyi font

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆို မိမိ၏ အမှားသာ....။

ထိုနာမည်​ကို ​သူ​ပြောမထွက်​ဘူးဆိုတာ Taehyung သူ့ကိုယ်​ သူသိ​နေသည်။ Jeongguk က သူ့အား တင်းကြပ်​​နေ​အောင်​​ပွေ့ဖက်​ထား​ပေး​ပေမယ့်​ သူအလွန်​ပင်​​ကြောက်​ရွံ့​နေပြီး တစ်​ကိုယ်​လုံးလဲတုန်​ယင်​​နေကာ ငို​ကြွေး​နေသည်​။

Taehyung က ဘာမှမ​ပြောဘဲ ငိုသာငို​နေတာ​ကြောင့်​ Jeongguk မှာလဲ စိတ်မပူဘဲမ​နေနိုင်​​တော့​ပေ။

" Tae...ဘာမှမဖြစ်​ဘူး။ တိတ်​​တော့​နော်​ "

Jeongguk ​ပြောလိုက်​သည်​။ သူဒီလို​ပြောလိုက်​လို့​ရော အဆင်​​ပြေသွားရဲ့လား? အဆင်​​ပြေသွားမှာလား? မဖြစ်​နိုင်​​ပေ။ Taehyung က တစ်​​ယောက်​​ယောက်​ ​သေ​တော့မယ်​ဆိုတာကို မြင်​​တွေ့ပြီးထားပြီဖြစ်​သည်​။ ထိုအ​တွေး​လေးနဲ့တင်​ Jeongguk တစ်​​ယောက်​ မတုန်​လှုပ်​ဘဲမ​နေနိုင်​​ပေ။

တစ်​ခဏကြာပြီး​နောက်​....။
Taehyung တစ်​​ယောက်​တည်​ငြိမ်​သွား​ပေမယ့်​ သူ့အ​တွေး​တွေစိတ်​​ထွေး​နေသည်​။ Jeongguk ​သေဆုံးသွားတယ်​လို့ မြင်​မက်​တုန်းကလိုမျိုး သူခံစား​နေရသည်​။

" ဘယ်​...ဘယ်​သူလဲ? "

နာကျင်​မှု​တွေပြည့်​နှက်​​နေတဲ့ ချစ်​ရသူ၏ မျက်​ဝန်းတို့ကို စိုက်​ကြည့်​ပြီး Jeongguk ​မေးလိုက်​သည်​။

" Gukkie " Taehyung တရှုံ့ ရှုံ့ ​ငို​ကြွေး​နေဆဲပင်​။

" ဘာမှမဖြစ်​ဘူး​...။ ကိုယ့်​ကို​ပြော။ ဘာမှမဖြစ်​ဘူး...​နော်​ "

သူဘာလို့ ဒီစကားကိုဘဲ ထပ်​​ပြော​နေမိမှန်းသူမသိ​ပေမယ့်​ အားလုံးအဆင်​​ပြေ​ပြေပြီးဆုံးသွားဖို့ကို​တော့ သူ​မျှော်​လင့်​​နေမိသည်​။

" ငါ..ငါ Hoseokie ကို​တွေ့ခဲ့တယ်​ "

ပြီး​နောက်​ Taehyung မှာ​နောက်​ထပ်​တစ်​ဖန်​ ငို​ကြွေးပြန်​သည်​။ Jeongguk တစ်​​ယောက်​ သူ့နား သူ​တောင်​မယုံနိုင်​​ပေ။ သူ့ရဲ့လူယုံလဲဖြစ်​သလို သူငယ်​ချင်းလဲဖြစ်​တဲ့ သူရဲ့နာမည်​ကိုကြားရဖို့ဆိုတာ မဖြစ်​နိုင်​​ပေ။ ချစ်​ရသူကို တင်းကြပ်​စွာ​ပွေ့ဖက်​ထားတဲ့လက်​​တွေက အခုဆို အရင်​လိုမတင်းကျပ်​​နေ​တော့​ပေ။
အံ့သြမှု​ကြောင့်​ သူ့မျက်​ဝန်း​တွေပြူးကျယ်​​နေသည်​။
ဒါ အမှန်​မဟုတ်​နိုင်​ဘူး။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now