Part-15

155 13 0
                                    

-Perthက အခုတလော အလုပ်ပဲလုပ်နေသလိုပဲနော် မျက်နှာက အရင်ကထက် ပိုတည်ပြီး ခက်ထန်နေသလိုပဲနော်

-အေးဟ ငါလည်းမသိဘူး P'Meanကလည်း အလုပ်ရှုပ်နေလို့ဆိုပြီး ဆိုင်ကိုမကပ်တာ။ သူဌေးတစ်ယောက်တည်း ပင်ပန်းလို့ဖြစ်မှာပါ

‌ဝန်ထမ်းအမကြီး၂ယောက်ပြောတာကို နောက်ကMeanကြားသွားပြီး စိတ်မကောင်းဖြစ်သွားသည်ထင် မျက်နှာတစ်ချက်ပျက်သွားတယ်
.....

Mean-Perth အဆင်မပြေတာရှိလို့လား

Perth-ဟူး....(သက်ပြင်းကြီးချလိုက်ပြီး)သူ ကျနော့်ကိုရှောင်နေတယ်ထင်တယ် တစ်ပတ်တောင်ရှိနေပြီPhi. ကျနော် သူ့အိမ်ကိုသွားတော့လည်း တံခါးပိတ်ထားတာ။ Uniသွားတော့လည်း မတွေ့ဘူး တချို့နီးနီးနားနား နေရာတွေကို သွားကြည့်ပေမဲ့ ဘယ်မှာမှမတွေ့ဘူး ကျနော် တကယ် စိတ်ဓာတ်တွေကျတယ်

Mean-‌ဟေး အရမ်းကြီး စိတ်ဖိစီးမှုမထားနဲ့ သူအလုပ်ရောမလာဘူးလား

Perth-မလာဘူး ခွင့်လည်းလာမတင်ဘူး ဖုန်းဆက်တာတောင်မကိုင်ဘူး

Mean-နည်းနည်းလောက် စောင့်ပြီး ရှာကြည့်ပါဦး။ နီးစပ်နေပြီလေ လက်မလျှော့နဲ့ပေါ့

ကလင်...ကလင်🔔🔔

ရုံးခန်းတံခါးဖွင့်သံကြားလို့ ၂ယောက်သား လှည့်ကြည့်လိုက်‌ပြီး အံ့ဩတာရော ဝမ်းသာတာပါ ပေါင်းပြီး Perthလန့်သွားတယ်

တံခါးဝကနေမှ ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့ပုံပေါ်သည်

Manager-boss သူက bossတို့နဲ့‌ တွေ့ချင်တယ်ဆိုပြီး အတင်းဝင်လာလို့ပါ။ တောင်းပန်ပါတယ် ကျနော်သူ့ကို ပြန်ခေါ်သွားလိုက်ပါ့မယ်

Mean-ထားလိုက် သူ့ကိုထားခဲ့လိုက် managerကြီးသွားလို့ရပြီ ပြီးတော့ ကော်ဖီနဲ့ကိတ်လေးယူခဲ့

Manager-ဗျာ ...အော် ဟုတ်ကဲ့

ပြောပြီး အတင်း ကိုင်ထားတဲ့ လက်ကိုလွှတ်လိုက်တော့မှ Planက တွေ့လား ငါတို့ကသိတယ် ဆိုတဲ့ မျက်နှာနဲ့ မေးငေါ့ပြတယ် managerကြီးကတော့ ဟုတ်ကဲ့ဆိုတဲ့ပုံစံနဲ့ ခေါင်းငုံ့နှုတ်ဆက်ပြီး ထွက်လာတယ်

Plan-P'Mean😁

ပြောပြီးသွား၃၂ချောင်းလုံး ပေါ်အောင် ပြုံးပြနေတဲ့ ကလေးကိုသူအူယားတယ်လေ Meanကတော့ ဒီကလေးဘာလို့ပါလိမ့်ဆိုပြီး သာကြောင်းမာကြောင်းမနေပေမဲ့ Perthတစ်ယောက်ကတော့ ကြောင်နေတုန်းပဲ ငါသူ့ကို ကလေးအကြောင်းမေးလို့ အဆင်ပြေပါ့မလား ??သူ့သူငယ်ချင်းလေးက အစွာလေးဆိုတော့ ငါအရင်အော်ခံရလောက်တယ် 🤧 ဒါပေမဲ့လည်း အော်ခံလိုက်မယ် ဘာပဲဖြစ်ဖြစ် ကလေးအကြောင်းသိဖို့လိုတယ်လေ

သူဌေးသားလေး ကျွန်တော့ချစ်သူWhere stories live. Discover now