Plan-P' ဟိုတစ်ခေါက်က ကျနော့်ကို ဖုန်းဝယ်ပေးတဲ့ ကိစ္စလေး ကျေးဇူးပါနော်
Mean-ရပါတယ် မလိုပါဘူး။ ကိုယ်ဝယ်ပေးမယ်လို့ပြောထားတာပဲ
Plan-ဟုတ်😊
Mean-ဒါနဲ့ ကိုယ့်ကို ဘယ်ချိန်ထိ အဲ့တိုင်းပဲထားဦးမှာလဲ
Plan-ဗျာ...အာ အဲ့တာက ...ကျနော် Saintတို့ အဆင်ပြေမှ ပြောမယ်လို့ ပြောထားတယ်လေ
Meam-ကိုယ်သိပါတယ် ဒါပေမဲ့ အခုကိုယ်ရှေ့မှာ ထိုင်နေတဲ့ ကလေးလေးကို တစ်နေ့ပြီး တစ်နေ့ အူယားလွန်းလို့ပါ
Meanပြောရင်းနဲ့ မျက်နှာက ဝါးစားမတက် ကြည့်နေတာကြောင့် Planတစ်ယောက် သောက်နေတဲ့ Juiceပင် သီးကုန်တယ်😆
အဟွတ်...ဟွတ်..အဟွတ်
Mean-အယ် ကလေး အဆင်ပြေလား သေချာသောက်မှပေါ့ သီးကုန်ပြီ ဖြေးဖြေး။😌Plan-P'က ဘာလို့ အဲ့လောက်ကြီး ချွဲပြောနေတာလဲ ကျနော့်ကို ကလေးလို့မခေါ်ပါနဲ့ဆို ကြားရတာ နားထဲ ပုရွက်ဆိတ်တွေ ရောက်နေပြီ။ ကျနော် တက္ကသိုလ်ကျောင်းသားဖြစ်နေပြီလေ
ပြောလည်းပြောပြီး နှုတ်ခမ်းကို အသားကုန်ဆူထားတာ တကယ်ကို ကလေးလေးပါ။ သူ့ကိုအဲ့လိုခေါ်ပြန်ရင်လည်း စွာကစွာသေးတာ တကယ်ကို ချစ်ဖို့ကောင်းပါတယ်။
Plan-ဒီမှာ ဦးလေးကြီး ကျနော်တို့ အကြောင်းခဏထားပြီး Saintတို့အကြောင်းပဲ အရင်ပြောရအောင်
Mean-ommပါ ကလေးလေးရဲ့။ ဒါဆို P'က Perthကို ပြောလိုက်မယ်။ ကလေးက Saintဆီသွားပြီး အခြေနေလေး ထိန်းထားလိုက်ပေါ့
Plan-ဟိုး(ဝ်)...Phi ကျနော့်ကို ကလေးလို့ မခေါ်ပါနဲ့ဆို
Mean-အဲ့တာဆို ကိုယ်က ဘယ်လိုခေါ်ရမှာလဲ😕
Plan-အာ....မသိတော့ဘူးဗျာ ခဗျားကြီး ခေါ်ချင်သလိုသာခေါ်တော့ဗျာ။ ပြန်တော့မယ်
Planခဏစဉ်းစားပြီး အကြံမရတာနဲ့ ခေါင်းကုပ်ပြီး စိတ်ပျက် လက်ပျက်အော်ချပြီး ပြန်မလို့ အိတ်ကို အလွယ်မှာပဲ
Mean-နေဦးလေ ကိုယ်လိုက်ပို့ပေးမယ်။
ပြောပြီး နောက်ကနေ အပြေးလေး လိုက်သွားတယ်
...🚘🚘🚗
YOU ARE READING
သူဌေးသားလေး ကျွန်တော့ချစ်သူ
Fanfictionစင်ကာပူမြို့မှာ စီးပွားရေးအားကောင်းတဲ့ Tanaponမိသားစုမှာမွေးဖွားလာတဲ့ လူရှုပ်လေးPerth tanapon. ကျန်းမာရေးချူချာတဲ့အမေကိုလုပ်ကျွေးပြီး စီးပွားရှာနေတဲ့ Saint Suppapong. သူတို့၂ယောက်ရဲ့တွေ့ဆုံမှုမှာ perthလေးကlove at first sideဖြစ်သွားပြီ စိမ့်လေးကို ရဖ...