သေမင်း၏ ဘုံသို့လျှောဆင်းခြင်းသည် အိပ်မက် မက်နေသည့်အိပ်စက်ခြင်းထဲသို့ ကျသွားခြင်းနှင့်တူသည်။တစ်ချိန်က သူသည်မချိမဆံ့ဝေဒနာခံစားရပြီး မှောင်မိုက်အချိန်ကုန်လွန်ပြီးနောက် သူကိုယ်တိုင် အလွန်ကောင်းမွန်သော အခြေအနေသို့ရောက်ရှိခဲ့သည်။မျက်လုံးဖွင့်လိုက်တဲ့အခါ ရှောင်းကျန့်ဟာ နာကျင်နေပြီး အဖြူရောင်ဟင်းလင်းပြင်ကြီးထဲရှိ ကုတင်လေးပေါ်သို့ရောက်ရှိနေခြင်းဖြစ်သည် ။
သူမျက်တောင် တစ်ချက်ခတ်လိုက်သည် ။
သူက သေသွားခဲ့ပြီပဲ...။
အဖေတူအမေကွဲ ညီရဲ့လုပ်ကြံသတ်ဖြတ်မှုကြောင့်သူသေသွားခဲ့သည် ။ ဒါဆို အခုရောက်နေတဲ့ နေရာက နတ်ပြည်များလား?ရှောင်းကျန့် အသက်ရှိစဉ် က နတ်ပြည်လို အရာမျိုးကို ရောက်ဖူးချင်ပေမယ့် ယခုနတ်ပြည်က ပတ်ဝန်းကျင် တစ်ခုလုံးကို အဖြူရောင်လွမ်းမိုးနေသည်။ကုတင်ပေါ်က သူကိုယ်တိုင်ဟာလဲ အဖြူရောင် ညဝတ် ဝတ်စုံကိုဝတ်စဉ်ထား၏ ။ နေရာအကျယ်ကြီး တစ်ခုလုံးမှာ သူတစ်ယောက်တည်းသာရှိနေသည် ။
ဒါက နည်းနည်း မဟုတ်ဘူး အတော်ကို ပျင်းစရာကောင်းတဲ့အနေအနေ ။ ပြီးတော့ နတ်သမီးအချောအလှလေးတွေကရော ဘယ်မှာလဲ? ။
" နေပါဦး ဒါဆို ဒီနတ်ပြည်အကျယ်ကြီးမှာ ငါတစ်ယောက်တည်းနေရမှာလား? "
ထိုးကိုက်နေတဲ့ နားထင်ကို ဖွဖွနှိပ်ကာ သူတစ်ကိုယ်တည်းဆိုသည်။
ငါသိပြီ ဒါဆို ငါက ဒီနေရာကိုအရင်ရောက်တာဆိုတော့ သကြားမင်းပေါ့ ။ နောက်ထပ် နတ်ပြည်ရောက်လာတဲ့သူတွေကို ငါက ဦးစည်းရမှာပေါ့ အဲ့လိုများလား?
ပျော်ရွှင်စရာအတွေးတွေအဆုံးသူ မိမိကိုယ်ကို ပြန်ကြည့်လိုက်၏။
ဒါနဲ့..ညအိပ်ဝတ်စုံနဲ့ သကြားမင်းဆိုတာ ရှိလို့လား?
Ahhh ငါကအိမ်မက် နတ်မင်းပဲဖြစ်ရမယ် ။" hဲ hဲ hဲ ''
အထင်ကြီးစရာ အတွေးတွေ မပြီးဆုံးခင် ခပ်သေးသေး ကာတွန်းသံလေးရဲ့ ရယ်သံလေးက သာယာနာပျော်ဖွယ် ထွက်ပေါ်လာ၏။" host အတွေးတွေက ချစ်စရာကြီး ''
ထိုအသံကြောင့် ရှောင်းကျန့် အလန့်တကြား ကုတင်ပေါ် ၌ဒူးကြုံ့လိုက်မိ၏ ။ အဆိုပါ အသံလေးသည် ရှောင်းကျန့်ကြည့်နေကျ anime ကာတွန်းကားထဲမှ ချစ်စရာ ဇာတ်ကောင်းလေး၏အသံနှင့်ဆင်တူသည် ။သို့သော် ဘယ်သူ ဘယ်ဝါမှန်းမသိသလို ကောင်လား ဆိုးလား မသိသဖြင့် ကြောက်ရွံစိတ်တော့ဖြစ်ပေါ်မိသည် ။