ခဲရောင် ယုန်ကလေးကို ရင်ထဲပွေ့ယူ ပွတ်သက်ကာ ရိပေါ် ဦတည်ရာသို့ ဆက်လက်၍လျှောက်လှမ်းသည် ။ တစ်လမ်းလုံး ခနချင်း ပြုံးနေမိတာ အရင်လို သွေးအေးရက်စက်တတ်တဲ့ အိမ်ရှေ့စံမင်းသား ဝမ်ရိပေါ်မှ ဟုတ်ပါရဲ့လားဟု ကိုယ်ရံတော် နျန်ယွီ ပင်လျှင် သံသယဝင်မိ၏ ။
ခဲရောင် ယုန်ကလေးကတော့ ဇာတ်လိုက်ရဲ့ အပြုအမူတွေအကြား လိုက်ပါစီးမျှောရင်း ပွတ်သတ်ပေးမှုတွင် ဇိမ်ရှိနေသည် ။
ဇာတ်လိုက်က အချစ်ကျေးကျွန်ဖြစ်သွားလို့သာ ဝတ္တုထဲ ရက်စက်တတ်ပေမယ့် တကယ်တမ်း နှလုံးသားနုညံ့ပါသည် ။ ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်မအပြင် ဇာတ်လိုက်ကိုပါ ရှောင်းကျန့်က သူ့ဘက်တော်သား ဖြစ်စေလိုက်ရင် သူမသေပဲ ဇာတ်လိုက် ဘုရင်ဖြစ်တဲ့အထိ အသက်ရှင်နိုင်ပြီမလား ။
အင်း..ဒါလဲ အကြံကောင်းပဲ ။
ဝတ္တုရဲ့ အဓိကဇာတ်ကောင်နှစ်ကောင်ရဲ့ အချစ်သာ ရရင် အကုန်ပြေလည်ပြီပဲ..။ ဒါပေမယ့် ချစ်ရသူ အသက်အန္တာယ် နဲ့ရင်ဆိုင်လာရတဲ့အခါ ဇာတ်လိုက်က သူ့မယားပဲရွေးမှာပေါ့ ။ဒီလိုတွေးမိတော့ ရှောင်းကျန့် စိတ်ဓာတ်ကျကာ နားရွက်ကလေးများကုပ်လိုက်မိသည် ။
ဒါဆို အဓိကပြသနာကဘာလဲ ?
ကျိုးရှောင်ဖန်...!!! ဟုတ်တယ် ဒီဝတ္ထုရဲ့ ဗီလိန်လေးပဲ ။
သူသာ ဇာတ်လိုက်ကို မလုပ်ကြံရင် ဇာတ်လိုက်မလဲမြှားထိမှာမဟတ်ြဘူး ။ ဇာတ်လိုက်မသာ မြှားမထိရင် သူလဲစွပ်ပြုတ်ဖြစ်စရာအကြောင်းမရှိတော့ဘူးလေ...။ဒီတော့ ကျိုးရှောင်ဖန်ကို သူပြုပြင်ရမယ် ။ မိန်းမတစ်ယောက်က ဘဝမဟုတ်ဘူးဆိုတာ ပြောပြရမယ် ဟဲဟဲ...။
ပြောပြရမယ်..?
ဘယ်လိုဖြစ်နိုင်မှာလဲ...(ToT)
ရှောင်းကျန့်က ယုန်လေ ၊ ဘယ်လိုပြောရမှာလဲ...။တဖန်ပြန်ဖြစ်တည်လာတဲ့ မျှော်လင့်ချက် လေးဟာ ထပ်မံပျက်သုန်းရပြန်သည် ။ရှောင်းကျန့်ကတော့ စိတ်ဓာတ်တွေကျပြီးကျဖြစ်နေ၏ ။ သူကဇာတ်လိုက်မရဲ့ စွပ်ပြုတ်ထပ်ဖြစ်ရမည်လား...?
" Bebe ..''
ရှောင်းကျန့် စိတ်ဓာတ်ကျစွာ system နှင့် ထပ်မံဆက်သွယ်လိုက်သည် ။
![](https://img.wattpad.com/cover/233765629-288-k196670.jpg)