1

16 4 1
                                    

ကျွီ......... ဝုန်း.....ဒုန်း...

"အ့ာ"

" မဟုတ်ဘူး..... တာ့ချန်း !"

'ကျစ် ငါအဲ့အကောင်ရဲ့အသံကို မကြားချင်ဆုံးပဲ လီကျင့်မင်  ဟုတ်တယ်သူပဲ ငါ့ဘဝတစ်လျှောက်လုံး စိတ်ရောကိုယ်ပါ အနှောင့်အယှက်လိုက်ပေးနေတဲ့ကောင် မုန်းတယ် ဘာလဲ သူကအခု ငါသေတော့မှာမို့ပျော်နေပီလား...
ဟက်..... တကယ်ဆိုငါမသေချင်သေးဘူး ဒါက အရမ်းပင်ပန်းတယ် '

"မုန်းလိုက်တာ အဲ့အသံ" ဒါငါ့ဘဝရဲ့ ထွက်သက်မတိုင်ခင်နောက်ဆုံးပြောခဲ့ရတဲ့စကားပဲ
မများပါဘူး တစ်ခွန်းတည်းပါပဲ အဲ့နောက်မှာတော့.....ရှင်းပါတယ် ငါဆိုတဲ့ ဝမ်တာ့ချန်း သေသွားခဲ့တယ်
အဟက် ကိုယ်သေတဲ့အကြောင်း ကွကိုပြန်ပြောပြနေရတာသိပ်တော့ သိပ္ပံနည်းမကျဘူးပဲ

ငါ့အသက် ၃၉ မှာ accident တစ်ခုကြောင့်သေခဲ့တယ် ဒါပေမယ့် ငါမျက်လုံး ဖွင့်လိုက်တဲ့အခါ ပတ်ဝန်းကျင်က ဆန်းသစ်နေတယ်ဆိုတာထက် ရင်းနှီးနေပြန်တယ် ငါကိုယ့်ပါးကို ခပ်ဆက်ဆက်လေးပြန်ရိုက်ကြည့်တယ်
အဲ့တာကနာတယ် ဒါဆိုအိပ်မက်မဟုတ်ဘူး ငါထပီး ရေချိုးခန်းဝင်လိုက်တယ်
"စွကျိုးနည်း"လို့တောင် အော်မိသွားတယ် ငါ့ရုပ်က
ငါအထက်တန်းလောက်ကပုံစံမျိုးပဲ ပြောရမယ်ဆို ငါ့ဘဝသက်တမ်းတစ်ဝက်လောက်ကို ပြန်ငယ်သွားတာလေ ၁၈နှစ် ငါသေချာအောင် ရေချိုးပီးတဲ့အခါမှာ ငါ့အခန်းထဲက ဖုန်းကိုကောက်စစ်လိုက်တယ် အမှန်ပဲ ဒီနေ့ ငါ အထက်တန်းကို စတက်ရမဲ့နေ့ပဲ

ဒါနဲ့ပဲ ငါကျောင်းရောက်လာတယ် ကျောင်းသူ/သားတွေအကုန်လုံးနီးပါး ငါ့ကိုဝိုင်းကြည့်နေကြတယ်
ဒါမဲ့ငါဂရုမစိုက်ပါဘူး ငါ့အတွေ့အကြုံအရ ငါကိုယ်တိုင်ကျင့်သားရပြီးသားမို့

ငါသင်ရမဲ့အခန်းကိုသွားလိုက်တယ် ပီးတော့ ငါစာသင်ခန်းရဲ့နောက်ဆုံးခုံမှာဝင်ထိုင်နေလိုက်တယ် အဲ့အထိင့ါဘဝကပုံမှန်ပဲ နေ့စဉ်ကျောင်သားဘဝကို ပုံမှန်ဖြတ်သန်းနေရတဲ့ ငါ့အဖြစ်အတွက်ငါ ငြီးငွေ့လာပေမဲ့ ငါ့အတန်းဖော်တွေကတော့စာမလိုက်နိင်ကြလို့ ငြီးညူနေကြတာပေါ့ ငါအတွက်ကျတော့ ပါမောက္ခတစ်ယောက်ရဲ့ မှတ်ဥာဏ်တွေက ခုထိရှိသေးတယ်ဆိုတော့ကား သူတို့အတွက်ကတော့
သနားတယ် ဆိုတာလေးပဲပြောပြချင်တယ်

အတိတ် မှ ပစ္စုပ္ပန်ဝယ်Where stories live. Discover now