"......." ငါနဲနဲတော့ စိတ်ကွက်သွားတယ် ဒါနဲ့ဘာမှပြောမနေပဲ သူ့ခုံမှာပဲ အပြန်အလှန်အနေနဲ့ သွားထိုင်လိုက်တယ်
"ခုနက ကောင်မလေးကမဆိုးဘူးပဲ မင်းကောင်မလေးလား ?'' ငါသိချင်တာကို တုံးတိပဲမေးလိုက်မိတယ် သူငါ့ကိုအစိမ်းလိုက်ဝါးစားမတတ်ကို ပြူးကြည့်ပြီးတော့
"ဘာလဲ ခင်ဗျားက သူ့ကို ကြိုက်သွားလို့လား? "
အလွဲကြီးလွဲကုန်ပါပီ..... သူ့ကောင်မလေးကို ငါကကြိုက်တယ်လို့လဲမပြောသေးဘဲနဲ့ ဘယ့်နဲ့ သတ်မလို ဖြတ်မလိုကြီးလာကြည့်နေတာလဲ"အဟမ်း... မင်းကောင်မလေးမလား မကြိုက်ပါဘူး ငါက ဒီတိုင်း စိတ်ဝင်စားလို့ မေးကြည့်ရုံလေးပါ ''
သူက ခုထိ အကြည့်ကိုမပြင်သေးဘဲ စကားကိုတစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလာတယ်"မမေးနဲ့ မကြိုက်ဘူး စိတ်လဲမဝင်စားနဲ့ဗျာ သူက ကျွန်တော် ချစ်ရသူ သူ့ကိုဘယ်သူမှလာကြိုက်လို့လဲမရဘူး သူကလဲမကြိုက်ရဘူး ကျွန်တော် ကလွဲလို့ ဘာလို့လဲဆိုတော့ အစတည်းက သူက ကျွန်တော့်......အပိုင် ''
F.....B... : before he accident
"မဟုတ်ရပါဘူးဗျာ ကျွန်တော်က ဒီအတိုင်း အခွင့်ကြုံလို့ ကူညီခဲ့ရတာပါ စိတ်ထဲသိပ်မထားပါနဲ့ '' လီကျင့်မင်ဟာ ခုလေးတင် အလုပ်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းတူ မိတ်ဆွေတွေ နဲ့ ကုမ္ပဏီရှေ့ နှစ်လမ်းကျော်က စားသောက်ဆိုင်ကို စကားလေးပြောရင်း လမ်းလျောက်လာနေတာပေါ့
M-1*
"ဒါနဲ့ လတ်တလော ဟွမ်ရှင်း တက္ကသိုလ်ကသတင်းလေ ကျုပ်တို့ စီးဟွးရေးသမားတွေအတွက် တော့မဟုတ်ပေမယ့် တော်တော်နာမည်ကြီးတယ်နော် ''M-2*
"ခင်ဗျားက ဒီနှစ်ဦးက ကျောင်းသားတွေ အထူးချွန်ဆုံးနဲ့ အများဆုံးအောင်မြင်သွားတဲ့ ဟွမ်ရှင်းလား ကျွန်တော်ကြားတာတော့ အဲ့ဒိကျောင်းက ဆရာတွေက တယ်>တော်တယ်ဆိုပဲ အရည်အချင်းလဲ ပြည့်ဝတယ်တဲ့ အဲ့လို လူတွေ ကျောင်းတွေမှာ အများကြီးလိုအပ်တယ်လေ လီလူကြီးမင်း ဟုတ်တယ်မဟုတ်လား?'' လီကျင့်မင်ကလဲ ဘာတွေ သဘာကျနေတယ်မသိဘူး ဂုဏ်ယူပြုံးကြီးကို ပြုံးဖြီးနေတာ သူမဟုတ်တဲ့အတိုင်း
YOU ARE READING
အတိတ် မှ ပစ္စုပ္ပန်ဝယ်
Random'လိုက်လေပြေးလေဆိုတဲ့ အချစ်ရေးက ငါ့အတွက်ဆိုပြီးတော့များ ပြောခဲ့ကြတာလားမသိပါဘူးကွာ ဒါပေမယ့်လဲ ငါလက်လျော့လိုက်မှာတော့မဟုတ်ဘူး တာ့ချန်း မင်းစောင့်နေလိုက်ပါ မင်းတနေ့တော့ငါ့ကိုသတိထားမိလာစေရမယ်' "ဟမ့် ဘာကြီး မင်းကိုယ်မင်းဟုတ်လှပြီလို့ထင်နေလား တာ့ချန်း မင...