#This is just a fanfiction and I would like you all to accept this just for fun.
Unicode
ဟေမာန်ဆောင်းဦးမို့ တိုက်ခတ်နေတဲ့ လေပြေလေးတွေမှာ အေးစက်မှုတို့
ရောစွတ်နေသည်။
မြူနှင်းတို့ရဲ့ ကွယ်ဝှက်မှုကြောင့်
ညကောင်းကင်ရှိ ကြယ်ရောင်လေးတွေကပျောက်ကွယ်နေသည်။
လရောင်မှာလည်း ဖျော့တော့နေတာမို့ ပတ်ဝန်းကျင်ကိုဝေဝါးမှုတို့ ကြီးစိုးနေသည်။
"ဂျက်"
ချမ်းစိမ့်မှုကြောင့် အိပ်မပျော်နိုင်ဖြစ်နေရာက တံခါးမကြီးဖွင့်သံကို ကြားလိုက်ရတာကြောင့် Taehyung ရဲ့ မျက်လုံးတို့ ပွင့်လာသည်။
ညာဘက်နံဘေးရှိ ချစ်ရသူအားသူ့နည်းတူ နိုးသွားမည်အထင်နှင့် လှည့်ကြည့်လိုက်သော်လည်း မကျဉ်းမကျယ် အခန်းလေးထဲရှိ နှစ်ယောက်အိပ်ခုတင်ပေါ်တွင် သူတစ်ယောက်တည်းသာ။
အလင်းပျပျတောင် မပေါ်သေးတာမို့ ဘယ်အချိန်ရှိပြီလဲ အတွေးနဲ့ ဘယ်ဘက်ခုံလေးရှိ မီးအိမ်လေးကို ဖွင့်ကာ နာရီကို ကြည့်မိတော့ 1:52။
"ဒီအချိန်ကြီး ဘာလို့ထသွားတာလဲ?"
Taehyung အိပ်ငိုက်လျက်ရေရွတ်လိုက်သည်။မနေနိုင်တဲ့အဆုံး ခြုံလွှားထားသော စောင်ကို ဖယ်ကာ အိပ်ခန်းထဲမှာထွက်လိုက်သည်။
"အပေါ့အပါးများသွားသလား?"
အတွေးနှင့် အိမ်သာတံခါးကို ခေါက်လိုက်ရင်း"Kookie အထဲမှာလား?"
တုံ့ပြန်သံ မကြားတာမို့ အိမ်သာမီးကိုဖွင့် တံခါးကို လှပ်ကာ ကြည့်မိတော့မရှိ။
"အပြင်များထွက်သွားတာလား?"
တစ်ယောက်တည်း ရေရွတ်ရင်းတံခါးမကို ကြည့်မိတော့ ပွင့်လျက်သား။
"ဒီလောက်အေးနေတာကို"
Taehyung စိတ်ရှုပ်စွာတွေးလိုက်ရင်း အပြင်ဘက်ကို ကြည့်မိတော့ အိမ်ရှေ့ ကားလမ်းမထက်မှာ မတ်တပ်ရပ်နေတဲ့
Jungkook။
YOU ARE READING
One-sided
Fanfiction"𝙸 𝚕𝚘𝚟𝚎 𝚑𝚒𝚖 𝚜𝚘 𝚖𝚞𝚌𝚑.𝙰𝚗𝚍 𝙸 𝚔𝚗𝚘𝚠 𝚑𝚎 𝚕𝚘𝚟𝚎𝚜 𝚖𝚎,𝚝𝚘𝚘.𝐍𝐨 𝐧𝐞𝐞𝐝 𝐭𝐨 𝐚𝐬𝐤" This is my second short fanfiction.You can read with both Zawgyi and Unicode. Please enjoy♡︎