2(Final)

227 26 6
                                    

                #epi 1ကနေ ဆက်တိုက်ဖတ်တာ
ပိုအဆင်ပြေပြီး ဖတ်လို့ကောင်းမယ် ထင်တယ်။နည်းနည်းလောက် ပြန်ဖတ်ပြီးမှ ဒါလေးကို ဆက်ဖတ်ပေါ့နော့်။

Unicode version

                  အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့လို သူ့မျက်နှာ သူ့လိုခန္ဓာကိုယ် နီရဲနေတဲ့ မျက်လုံးတစ်စုံနဲ့ အခြား Taehyung တစ်ယောက်။

            

                    Taehyungအော်မိမတတ် ကြောက်လန့်သွားသည်။Jungkook ကို
လှည့်ကြည့်လိုက်တော့မရှိတော့။

                     အခုတော့ ရေပြင်ကျယ်ကြီးထဲမှာ သူနဲ့ အခြား Taehyung တစ်ယောက်သာ

                     Taehyung အသက်ကိုကြာကြာမအောင့်ထားနိုင်တော့။သို့သော် သူ့ခြေထောက်ကို ဆွဲထားသောကြောင့် ရေပြင်ပေါ်သို့ မကူးနိုင်ဖြစ်နေသည်။

                     ဆက်ပြီး မထိန်းထားနိုင်တော့တာမို့ ရှိသမျှအားနဲ့ ရုန်းနိုင်သမျှ  ရုန်းနေမိသော်လည်း ရေအောက်ထဲမှာမို့ အားသုံးရသည်က ထင်သလောက်မလွယ်ကူ။

                   "မရတော့ဘူး ငါ  ငါသေရတော့မှာလား.... ဟင့်အင်း.......မဟုတ်ဘူး   ငါ jungkook ဆီသွားရမှာ"

                    ရုတ်တရက် ခြေထောက်ကဆွဲထားတဲ့လက်ကို မခံစားမိတော့တာမို့ Taehyung ဘာမှမစဉ်းစားတော့ပဲ ရေပေါ်ကိုအမြန် ကူးခတ်လိုက်သည်။

                      "ဗွမ်မ်မ်မ်းးးး"

                တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ Taehyung ရဲ့အသက်လုရှူသံကတော့
ညှင်သာမနေပါ။

                  အသက်ကြာကြာ အောင့်ထားရ၍ မောပန်းနေတဲ့ သူ့ကို အရာတစ်ခုက ရှုပ်ထွေးစေပြန်တယ်။

                    အခု သူရောက်နေတဲ့နေရာက တောနက်ကြီးထဲလည်း မဟုတ်သလို ပင်လယ်ပြင်ကြီးထဲလည်း မဟုတ်ပေ။

  
               
                      သူရောက်နေသည်က ကြီးမားလှတဲ့ ခြံဝန်းအတွင်းမှ ရေကန်တစ်ကန်ထဲ၌ သာဖြစ်သည်။

            "ဒါကကော ဘယ်နေရာကြီးလဲ"

                     Taehyung ငိုသံစွတ်စွတ်ဖြင့် ရေရွတ်လိုက်သည်။ပြီးနောက် စိတ်ကိုတည်ငြမ်အောင် ထိန်းလိုက်ရင်း ရေကန်ပေါ်ကို တွယ်တက်လိုက်သည်။

One-sidedWhere stories live. Discover now