1

685 30 2
                                    

#Unicode

ချိုမြိန်သောဇနီးဆိုးလေး  လို့လူသိများတဲ့
perfect secrect love :the bad new wife is a little sweet ကတော့ အစကနေအဆုံးထိကို လုံးဝကောင်းတဲ့ ဝတ္ထုလေးတစ်ပါဘဲ...

မြန်မာSubနဲ့ဖတ်နေရင်းကနေ ဇာတ်ရှိန်တွေတက်နေပြီးEng subနဲ့ပါဇာတ်သိမ်းတဲ့အထိဖတ်ပြီးသွားခဲ့ပြီ...
ဇာတ်လမ်းအစကတည်းကထည့်ထားတဲ့
Hidden characterတွေကလည်း
နောက်ပိုင်းမှာ ဗွားခနဲ ဗွားခနဲ ပေါ်ပေါ်လာ
တာ သိပ်ကိုမိုက်လွန်းတယ်...

ရီဝမ်ဝမ်ကတော့ ပြောစရာကိုမလိုဖူး
သန်မာပြီးထက်မြတ်တဲ့ အမျိုးသမီးဇာတ်လိုက်ပါဘဲ...
ကိုယ်ဆို ကြာပန်းဖြူဇာတ်လိုက်တွေဆို စိတ်ကုန်လွန်းလို့ လှည့်ကိုမကြည့်တော့ဘူး...
ဒါပေမဲ့ ရီဝမ်ဝမ်ကတော့ အရမ်းကိုမိုက်တယ်...
စိတ်ဝင်စားစရာအကောင်းဆုံးကတော့
စဖတ်ဖတ်ချင်းဆို ရိုးရိုးromance ဇာတ်လမ်းလေးပဲထင်းမိလိမ့်မယ်
ရီဝမ်ဝမ်ကပြန်ဝင်စားလာပြီးနောက် ပြန်လက်စားချေမယ် အောင်မြင်မယ် အချစ်ရေးလည်းအဆင်ပြေမယ် ထို့နောက်ဇာတ်သိမ်းမယ် ...အဲ့လိုပဲထင်မိကြမှာပါ....

ဒါပေမဲ့ မထင်မှတ်ထားတာတွေဖြစ်လာတယ် ဒီဇာတ်လမ်းကိုဖတ်နေရင်း...

နောက်ပိုင်းမှာ သိုင်းစွမ်းအားတွေ သိုင်းပညာရှင်တွေပါ ပါလာတာမျိုးပေါ့...
ပြီးတော့ လျှို့ဝှက်နယ်မြေတွေရောအစုံပါပဲ...

...............................................

အခုကစပြီး Spoilerနဲနဲပေးမှာမလို့
ကြိုမသိချင်တဲ့သူတွေကျော်သွားကြပါ...

>>>>Spoilers

ရီဝမ်ဝမ်က အမှန်တကယ်တော့ ရီမိသားစုရဲ့ သွေးသားအစစ်မဟုတ်ဘူး...
စီရီဟန်နဲ့ ရီဝမ်ဝမ်ဆိုတာ လွတ်လပ်သောပြည်နယ်က လာကြတဲ့ သူတွေပါ...
သူတို့နှစ်ယောက်စလုံးက လွတ်လပ်သောပြည်နယ်မှာ ထိတ်ထိတ်ကြဲတွေထဲ
ပါဝင်ကြတဲ့သူတွေပါ...
သူတို့နှစ်ယောက်ကချစ်သူတွေဖြစ်ခဲ့ကြပြီး သားလေးတစ်ယောကပါ မွေးခဲ့ကြတယ် ဒါပေမဲ့ စီရီဟန်က မသိရှိလေဘူး...

အဖြစ်ပျက်တစ်ချို့ကြောင့်ရီဝမ်ဝမ်ဟာ စိတ်ပျက်မှု ဝမ်းနဲမှု ယူကြုံးမရဖြစ်လောက်အောင် နောင်တရခဲ့တဲ့ကိစ္စတစ်ခုဖြစ်သွားတယ် ...
လူအချို့ကလည်း ရီဝမ်ဝမ်ကိုလိုက်သတ်ကြလေတယ်
အဲ့ကနေ တရုတ်ပြည်ကို စီရီဟန်နဲ့ထွက်ပြေးလာပြီး ...
ရီဝမ်ဝမ်ဟာ မနေနိုင်တဲ့အဆုံး သူ့မှတ်ဉာဏ်ကိုဖျောက်ပေးဖို့ စီရီဟန်ကိုတောင်းဆိုခဲ့တယ်...
အဲ့ကနေ ရီဝမ်ဝမ်ဆိုပြီး အစားထိုးဖြစ်တည်လာခဲ့တယ် (အသေးစိတ်မပြောတော့ဘူး)

Novel နဲ့ Mangaတွေရဲ့ SpoilerများDove le storie prendono vita. Scoprilo ora