အချစ်မျက်ဝန်း

2.3K 181 11
                                    


ကောင်လေး ရဲ့စောင့်နေနော် စကားကသူအပေါ်အများကြီး
သက်ရောက်ပါတယ် ကျောင်းကနေ
အိမ်ပြန်တဲ့လမ်းတစ်လျောက် ကောင်လေးရဲ့
ဆူးရဲတဲ့မျက်ဝန်းအကြည့်တွေက အာရုံထဲက
ထုတ်မရခဲ့ဘူး ကောင်လေးက ခဏလေးအတွင်း
သူကိုပြုစားလိုက်တယ်ထင်တယ်

အဲ့ညကဟိုလှိမ့်ဒီလှိမ့်နဲ့ မျက်လုံးမှိတ်လိုက်တိုင်း
ပေါ်လာတဲ့ ကောင်လေးရဲ့မျက်နှာချောချောလေးကြောင့်
ရင်ခုန်သံ တွေမြန်လာပြန်တယ် မနက်ဖြန်
ကောင်လေးနဲ့တွေ့ရမှာလို့တွေးမိရင်
ရင်ခုန်စိတ်လှုပ်ရှားလွန်းလို့ အချိန်နာရီ
မိနစ်တွေ စက္ကန့်တွေကို ခုန်ပျံကျော်လွှားလိုက်ချင်တယ်
သိပ်တွေ့ချင်နေပီ ကောင်လေးရယ်

အိပ်မက်တွေထဲမှာလဲ ကောင်လေးပါဝင်ခဲ့လို့
သိပ်ကိုလှပပီး အိပ်မက်ထဲမှာသူပျော်နေသလို
အပြင်မှာလဲပြုံးနေမယ်ထင်တယ်
ကောင်လေးကသိပ်ဆိုးပါတယ်
သူအိပ်မက်ထဲထိ စိုးမိုးနေနိုင်လို့

မနက်မိုးလင်း​တော့ ခါတိုင်းမားနှိုးမှနိုးတပ်သူက
ဒီနေ့တော့ ကောင်လေးကိုထပ်တွေရတော့မယ်ဆိုတဲ့
အသိနဲ့တင် မနက်အလင်းမှိန်မှိန်ဖျာကျလာတာနဲ့
မျက်လုံးတွေက active ဖြစ်နေပီ

အပြင်းကျော်လေးဆန့်ရင်း မြန်မြန်ဆန်ဆန်ထကာ
ရေမိုးချိုး အဝတ်စားလဲရမယ်
အရာအားလုံးအဆင်ပြေပေမဲ့ အဝတ်စားလဲမှအဆင်မပြေ
အရင်နေ့တွေရာကောက်ဝတ်ပေမဲ့
ဒီနေ့မှ ပိုချော ပိုကြည့်ကောင်းချင်နေမိတယ်
ကောင်လေးမျက်လုံးထဲမှာ သူဟာ
ကြည့်ကောင်းချင်မိသည်
မှန်ရှေ့မှာ အဝတ်တွေ တထည်ပီတစ်ထည်ကပ်ကြည့်ပီ
သူတစ်ယောက်ထဲဗျာများနေသည်

အပြင်ကတံခါးဖွင့်သံကြားမားဆိုတာသိလိုက်ပီ

"အံမလေး ကြားသားမိုးဂျိုး ဒီနေ့မားသားလေး
စောစောနိုးလို့ပါလား မားဒီနေ့ထီထိုးသင့်လား"

"မားဒီမှာသားနဲ့ သားဘယ်လိုနေလဲ ကြည့်ကောင်းလား"

"မားဒီမှာသားနဲ့ သားဘယ်လိုနေလဲ ကြည့်ကောင်းလား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" မောင်"ဆိုသည်မှာWhere stories live. Discover now