မင်းကြောင့်

1.8K 148 2
                                    

ဒီနေ့ သူကျောင်းသွားဖို့ကို စိတ်လှုပ်ရှားနေတယ် မှန်ရှေ့မှာ အခါခါ လျှောက်နေပေမဲ့ အလိုမကျနိုင်
ညကသူအိပ်မှမပျော်ဘဲ ညိုနေတဲ့ မျက်ကွင်းတွေကသက်သေ
ဒါကိုသာတွေ့ရင် ကောင်လေးက သူကို စနောက်နေမလား
ကောင်လေးနဲ့မတွေ့ခင်ကတော့ သူဘဝလေးက
ရေပြင်လို ငြိမ်သက်နေခဲ့တာဘဲ
အခုတော့ သူဘဝလေးကို လှုပ်ခက်အောင် အမျိုးမျိုး
လာပြုစားနေတယ်  ညဘက်လဲ မင်းစိတ်ဘဲ
နေ့ဘက်လဲ မင်းစိတ်ဘဲ ကြာရင် မင်းစိတ်နဲ့ငါရူးမယ် သူ
ရှောင်လွဲဖို့မကြိုးစားတော့ဘူး ဒီလူက မင်းနဲ့ပတ်သက်ရင် 
ဆက်ပီရူးမိုက်နေအုံးမှာ

သူ အောက်သို့ ဆင်းသွားတော့ စားသောက်ဖွယ်အစုံလင်နဲ့
စောင့်ကြိုနေတဲ့မား အပြင် ကောလဲ ရောက်နေတယ်
ကောဘေးနားသို့ဝင်ထိုင်လိုက်တယ်

"အော် သားတောင် ကျောင်းသွားတော့မှာဘဲ မားကသားမနိုး
သေးဘူးထင်လို့လာနှိုးမို့ဘဲ သား လီဂွန်းလေးလဲ
ရောက်နေတာနဲ့မား လဲ စကားကောင်းနေတာ
သားလီဂွန်းရေ သားကျန့်ကပုံမှန်ဆို အန်တီနိုးမှ
ထနေကျ ဒီနေ့မှစောစောနိုးတာ သိလား
အဲ့ကလေးက အိပ်ပုပ်ကြီးတယ်"

"မား နော် ကျန်ကျန် အိပ်ပုပ်ကြီးတာမဟုတ်ပါဘူးနော်
နေ့တိုင်း မားနှိုးတာခံချင်လို့ ကို ဟွန့်"

"ဟုပါပီ ဒီနေ့ သားကို လီဂွန်းလေးကကျောင်း
လိုက်ပို့လိမ့်မယ် လီဂွန်းအပေါ်လဲ သိပ်ဆိုးမနေနဲ့"

"ဆိုးပါစေ အန်တီရယ် ကျွန်တော် ကသူဆိုးသမျှ
အလိုလိုက်ပေးချင်တာ ဒါပေမဲ့ ကျန်ကျန် က
လိမ္မာပါတယ် "

"ပြောပြလိုက်ကော ကျန်ကျန် ဘယ်လောက်လိမ္မာလဲလို့
မားကလေ ကျန်ကျန် ဆိုးတယ်ဘဲပြောနေတာဒါနဲ့ မား
ဒီနေ့ ပါးလဲမတွေ့ဘူးနော် "

"သား ပါး ကတော့ သူအလုပ်မှာ အရေးကြီးတဲ့အစည်းအဝေး
ရှိလို့တဲ့ စောစောထွက်သွားလေတယ် ဒါနဲ့

သားလီဂွန်း ရှင်းရီ ကောနေကောင်းလား
အန်တီလဲ သူဆီ သွားမယ်သွားမယ်နဲ့ မရောက်ဖြစ်ဘူး
အားတဲ့နေ့တော့ အန်တီ လာလည်မယ်လို့ပြောပေးအုံး"

" မောင်"ဆိုသည်မှာWhere stories live. Discover now