Papa's.... spoiler

16.9K 1K 118
                                    

#unicode
#zawgyi

ဂွမ်းလေးရဲ့ ပါးပါးကို လိုချင်တာလား...
အိုကေ... တန်းစီ
အရည်အချင်းမှီမမှီစစ်မယ်...

#ဝါဂွမ်းအိမ်

သဘောကျဆုံးအရာက သီချင်းဆိုရတာဆိုရင်
အပျော်ရွှင်ဆုံးအရာကတော့ဂွမ်းလေးကို ချစ်ရတာပါပဲ....။

နှောင်ဖွဲ့ကောင်း

မင်းလို့၅နှစ်အရွယ်ကလေးတစ်ယောက်ကိုငါက ဂရုစိုက်စရာလား...ငါလိုချင်ရင်.....ဟူး....မောတယ်ကွာ...မင်းပါးပါးငါ့ကိုပြန်ကြိုက်ဖို့ငါဘာတွေ ပြုပြင်ရမလဲ...။

#အလင်းခွင်း

ဇာတ်လမ်းလေးက ဒီလိုစတယ်.....။

၁၆နှစ်အရွယ် ကောင်းကောင်းဆိုတဲ့ကောင်လေးတစ်ယောက် မြို့နယ် ဆေးရုံကြီးရဲ့ အရေးပေါ်ခန်းရှေ့တွင်ဒူးလေး ပိုက္ကာ ငိုကျွေးနေသည်။

တစ်ဦးတည်းသော အမျဖစ္သူဟာ ကိုယ်ဝန်ကြီးနှင့် ကားတိုက်ခံရမှုကြောင့် အရေးပေါ်ခန်းတွင်
အသက်လုနေရတဲ့ အခြေအနေ..၊

မမကိုသာအားကိုးနေရတဲ့ဘဝမို့ ကောင်းကောင်းတစ်ယောက် ကိုးကွယ်ရာဘုရားရှင် ကိုတိုင်တည်ဆုတောင်းနေမိသည်။
အကျယ်တဝံ့သူဆုမတောင်းတတ်ပါဘူး...။

မမကိုသာ ဘာမှမဖြစ်ဖို့ ...သူတို့မောင်နှမ ရဲ့သွေးသားတဲ့တူလေး ဘေးမထိရန်မခဖို့....။

"ချောကလျာမောင် အိမ္ကရွိလား...."

သူနာပြု ဆရာမရဲ့ ခေါ်သံကြောင့် ကောင်းကောင်း မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး အပြေးလေး သွားမိသည်။

"ကျွန်တော်ပါ...."

"ချောကလျာ ငေနြေေ့လညြ ၁၀နါရီ၁၅မိနစ်မှာ ဆုံးပါးသွားပါပြီ... ကလေးလေးကတော့အသက်ကယ်လိုက်နိုင်ပါတယ်... ယောကျားလေးပါ..."

အသားဖတ်တွေ လန်နေတဲ့အထိ ရဲတွက်နေတဲ့ အနှီးထုတ်လေးနဲ့ကလေးလေးဟာ ကောင်းကောင်းရဲ့လက်ထဲသို့ရောက်လာသည်။

"မ မ....မမက..."

မချီတတ်ချီတတ်နှင့် ကလေးလေးကိုချီပြီး ဘယလုပ်ရမှန်းမသိ ကောင်းကောင်းအော်ငိုမိသည်။

Pa Pa's....Where stories live. Discover now