#unicode
#zawgyi၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်
မမြဲခြင်းဆိုတဲ့ တရားအောက်မှာ
အလုံးစုံကိုဆုံးရှုံးပြီးသည်းနောက်
တစ်ဦးတည်းသော တွယ်တာစရာလေးရယ်
ချစ်ခင်ရကောင်းမှန်းမသိတဲ့ နှလုံးသားငယ်လေးရယ်...။_________________________
လူငယ်ထိန်းသိမ်းရေးကျောင်း၌..။
"အမှတ်၃၁၈"
ခေါ်သံကျယ်နဲ့အတူ ဝင်ရောက်လာတဲ့ ကောင်တစ်ယောက်..။
တစ်ယောက်အိပ်ကုတင်ပေါ်မှာ မျက်ဝန်းများကိုမှိတ်ထားကာ နဖူးပေါ်လက်တင်ထားတဲ့ သူကတော့ သူ့ နာမည် ခေါ်သံကို မကြားလိုက်သလိုပဲအဖတ်တစ်စက်လေးမှ မလုပ်ခဲ့..။
"ဟေ့ကောင်ငါခေါ်နေတာ ကြာလား..."
"_"
"ဟာကွါ...ဒီကောင်ကိုငါ..."
ဒုန်းဆိုတဲ့အသံ နဲ့အတူ အလင်းခွင်း
ပေါ်သို့ရွယ်တာတဲ့ လက်ဖက်ဟာ အား....လို့
မြည်သံစွဲ လက်ာ တစ်ခုဖြင့်ပိုမိုအရှိန်မြှင့်သွားသည်။ခွင်းက ၁၄နှစ်ရွယ်ကောာင်လေး... ။သိသာ ထင်ရှားသော အမှတ်အသားအဖြစ်
သူ့ရဲ့ညာဘက်ပခုံးတွင် ကြီးမားသောဖြတ်တောက်ဒဏ်ရာအမာရွတ်တစ်ခုရှိတယ်၊
အမြဲစွပ်ကျပ်လက်ပြတ်သာဝတ်ထားတတ်ပြီးထောင်သားဝတ်စုံကိုတော့ဝတ်ဆင်ထားမည်မှာ ရှားပါးတယ်..။သူက ဒီကလေးထောင်ခေါ်လူငယ်ပြုပြင်ရေးစခန်းမှာ
၁၂နှစ်ထဲက ရောက်ရှိနေတာဖြစ်တာ်..။သူရဲ့မျက်နှာဟာ ဘာကိုမှကြောက်ရွံ့ဟန်မှုမရှိ...။ နာကျင်မှုမရှိသလ်ို ခံစားမှု လုံးဝမရှိတဲ့မျက်နှာထားမျိုး။
သူဟာ ခွင်း။
ခွင်း သူက်ို လာထိဖို့ကြိုးစားတဲ့ ကောင်ရဲ့လက်ကို လိမ်ချိုးလိုက်ပြီး ထိုကောင်းလေယရဲ့မျက်ဝန်းကို စူးရဲစွာကြည့်နေလိုက်သည်။
ဒါမယ့်သူရဲ့နှုတ်က တစ်ခွန်းမှ မပြောဘူး..။
ဒါက သူ့ပုံစံပဲ..မျက်ဝန်းတွေကိုစူးရဲစွာကြည့်ရင်း အားစိုက်ကာ ထပ်ပြီးလိမ်ချိုးလိုက်သည်။"အား...အရိုင်းအစိုင်းကောင်လွှတ်စမ်း.... အား.."
"လွှတ်စမ်း...အာ ဟား..ငါ့ကိုအမိန့်လာပေးရဲတာလား...."
YOU ARE READING
Pa Pa's....