မစခင်ကတည်းက ပြီးဆုံးသွားတဲ့ဇာတ်လမ်းတွေဟာ တကယ်ရှိတယ်တဲ့
ဥပမာပြောရရင် မင်းနဲ့ငါ့လိုပေါ့...~~~~~~~~~~~~~~~~~~~~~~~~~~~~
𝐓𝐡𝐞 𝐒𝐮𝐧 𝐚𝐧𝐝 𝐭𝐡𝐞 𝐌𝐨𝐨𝐧: 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐜𝐨𝐥𝐥𝐢𝐝𝐞...
Ep(1)Unicode Version"I really wanna stop but I just gotta taste for it, I feel like I could fly with the boy in the moon....🎶🎶🎶"
"ဟဲလို"
"ဟျောင့် မရောက်သေးဘူးလား
ဒီမှာပွဲစနေပြီကွ""အေး ရောက်တော့မယ်
ဒီမှာကားတွေပိတ်နေလို့""အဲ့ဒါဆိုလည်း မြန်မြန်လာကွာ
ငါမင်းအတွက် ရှယ်နေရာလေးဦးပေးထားတယ် ဟင်းဟင်း"လမင်းခန့်နိုင်ဆိုတဲ့ ကျွန်တော်က တော်ရုံတန်ရုံဆိုယခုလို ဘောလုံးပွဲတွေဘာတွေကို စိတ်ဝင်တစားနှင့်သွားကြည့်လေ့မရှိဖူးခဲ့။
ဒီနေ့ကတော့ တစ်ခုတည်းသောအကြောင်းပြချက်ကြောင့်...
အရှင်းဆုံးပြောရရင် သူ့ကြောင့်...အမှန်တိုင်းပြောရရင် ဖေဖော်ဝါရီ၁၄ရက်ကြီးမှာ ဘောလုံးပွဲသွားကြည့်ရတဲ့ feelက သိပ်တော့မမိုက်လှပေ။
Fbမှာတက်လာတဲ့ ပို့စ်အချို့တွင်လည်း "မနက်ဖြန် ငါနဲ့အင်္ကျီအရောင်တူတဲ့ ငါ့ချစ်သူပဲ"ဘာညာဟူ၍ မြင်လိုက်ကတည်းက ဒီနေ့ဘောလုံးပွဲမှာcrushလေးသာ
Major Shirtဝတ်လာရင် ပွဲသိမ်းပြီဟုစိတ်မှအကြံဆိုးဖြင့်တွေးရင်း
ညထဲက ထိုအင်္ကျီကို ဘီဒိုအပေါ်ဆုံးထပ်တွင် သပ်သပ်ရပ်ရပ်ခေါက်တင်ကာ ဒီမနက်ဝတ်လာခဲ့သည်။
၎င်းနောက် crushလေးနဲ့ နီးဖို့အရေး ဒို့အရေးမူကိုသာ နှလုံးသွင်းကာ သထုံကွင်းသို့ ဦးတည်လာခဲ့တော့သည်။အဝင်ဝရောက်တော့ ယှဉ်ပြိုင်ရာမေဂျာနှစ်ခုမှ ကစားသမားများအား
အားပေးသံစာစာသည် လေထုကိုဖြိုခွင်းကာဟိန်းခနဲ
ထွက်ပေါ်လာတော့သည်။
တစ်ခဲနက်အားပေးနေသော ကျောင်းသားကျောင်းသူများကြား
ဟိုကြည့်သည်ကြည့်ဖြင့် လာရှာလိုက်ရာ သကောင့်သား ရဲမာန်က
ရှေ့ဆုံးတန်းတွင် မိန့်မိန့်ကြီးထိုင်လို့။ ပြီးနောက်တပြိုင်တည်း
မြင်လိုက်ရသည်က မျက်စိကျိန်းလောက်အောင်ထင်ဟပ်တောက်ပနေသော သူ့မျက်နှာခပ်ချောချော...
ဝမ်းနည်းစရာတစ်ခုတည်းက သူကMajor Shirtကိုဝတ်မထား...
YOU ARE READING
𝐓𝐡𝐞 𝐒𝐮𝐧 𝐚𝐧𝐝 𝐭𝐡𝐞 𝐌𝐨𝐨𝐧: 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐜𝐨𝐥𝐥𝐢𝐝𝐞 (U+Z)