(29)ရက်၊ (11)လ၊ (2017)
ဒီနေ့က မောင်နဲ့ကျွန်မ မင်္ဂလာဆောင်တဲ့နေ့... ကျွန်မဘဝအတွက် အပျော်ရွှင်ဆုံး နေ့တစ်နေ့ဆိုရင်လည်း မမှားဘူး။ ကျွန်မ အချစ်ရဆုံးသူနဲ့ တစ်သက်လုံး အတူနေရဖို့အတွက် ပထမဆုံးသော ခြေလှမ်းကို စလှမ်းနိုင်သောနေ့...
ပျော်တယ်ဆိုတာထက် ပိုပျော်တယ်။
ကျွန်မတို့ မင်္ဂလာပွဲက နည်းနည်းတော့ ခမ်းနားတယ်။ မောင့်ကိုကြည့်လိုက်တော့ မောင်မပျော်သလိုပါပဲ။ မောင့်မျက်နှာမှာ အပြုံးဆိုတာကို မတွေ့ရဘူး။
"ရည်ရွယ်ချက်ရှိရှိချဉ်းကပ်မိလို့ တောင်းပန်းပါတယ်မောင်..."
ကျွန်မ တိုးတိုးလေးရေရွတ်လိုက်ရင်း ကျွန်မတို့နှစ်ယောက်ရဲ့ တွေ့ဆုံခဲ့ပုံများကို ပြန်မြင်ယောင်လာမိတော့တယ်။
မောင်က ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း.. အင်း.. အချစ်ဆုံးသူငယ်ချင်းပဲထားပါတော့...
မောင်က ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဟေမာန်ရဲ့အကို။ မောင်နဲ့ကျွန်မ စတွေ့တာက ကျွန်မမှာ ပြဿနာလေးတွေ နည်းနည်းဖြစ်နေတဲ့အချိန်ပေါ့။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ ဟေမာန်နဲ့ သွားတိုင်ပင်တဲ့အချိန်မှာ မောင်နဲ့စတွေ့ခဲ့တာ။
ဟေမာန်က ကျွန်မကို မောင်နဲ့မိတ်ဆက်ပေးတယ်။ အဲ့ဒီနောက်ပိုင်းတော့ ကျွန်မ ဟေမာန်တို့အိမ်ကို မကြာခဏ အလည်သွားရင်းနဲ့မှ မောင်နဲ့ပိုမိုရင်းနှီးလာခဲ့တော့တယ်။
မောင်နဲ့ရင်းနှီးလာတော့ ကျွန်မ မောင့်ရဲ့အကြောင်းတွေကို ပိုသိလာရတယ်။ မောင်က လူကြီးလူကောင်းဆန်ပြီး ခန့်ညားတယ်။ ဘယ်တော့မဆို စကားပြောရင် လေးလေးနက်နက်ပဲပြောတတ်တယ်။ ပြီးတော့ မောင်ကနည်းနည်းရိုးသားပြီး အားလည်းနာတတ်သေးတယ်။ မောင့်ရဲ့ အဲ့ဒီအားနာတတ်တဲ့အကျင့်ကိုပဲ ကျွန်မက အပိုင်ကိုင်ပစ်လိုက်တယ်ဆိုပါတော့...
မောင်နဲ့ကျွန်မ ချစ်သူတွေ စဖြစ်ခဲ့တဲ့နေ့ကို မှတ်မိသေးတယ်။ အဲ့ဒီနေ့က အကို ကျွန်မကို ချစ်နေတာမလားဆိုပြီး ကျွန်မက မေးပစ်လိုက်တာ.. အဲ့တော့ မောင့်စိတ်ထဲ ကျွန်မကိုငြင်းဖို့အတွက် အားနာတယ်ထင်ပါရဲ့.. နောက်တော့ ကျွန်မရဲ့
