Zawgyi#
ဟန်မင်းဆက် လက်ထက်
သာယာဝပြောပြီး ပြည့်စုံ ကြွယ်ဝ လွန်းတဲ့ တိုင်းပြည်နေ ပြည်သူများမှာ ပြုံးပျော် ရွှင်မြူးလို့
ဟန်ကျူ မြို့ ဈေးလမ်းထက် ပျော်ရွှင်လျောက်လှမ်းနေသော ကောင်လေး ခြေလှမ်းများက လန်အိမ်တော်ဆီသို့
"ဒုန်း ဒုန်း ဒုန်း"(တံခါးမကြီးထုသံ)
ကျွီ
တံခါးဖွင့်လာသော သူတယောက် ထိုကောင်လေးကို မြင်တော့ ကြောက်လန့်သွားသော မျက်နှာ စိုးရိမ်မှုတွေ ရှက်ပြေးလို့
"သခင်လေးဝေ့"
"လန်ကိုကိုလေး ရှိတယ်မို့လား"
"ဟို.. ဟို"
"ဘာ ဟိုနေတာ လဲ ဖယ် "
"ခဏနေ ပါအုံး သခင်လေးဝေ့ ခဏလေး"
သခင်လေးဝေ့လို့ခေါ်တဲ့ ဝေ့ရင်းကတော့ တံခါးစောင့် အစေခံကို တွန်းတိုက်ပြီး အိမ်တော် ထဲက လန်ကျန့် ရဲ့ အဆောင်ဆီကို လျောက်လှမ်းလာသည် အနောက်မှတော့ မှီလိုမှီငြား အတင်း လိုက်တားနေသော အစေခံက ဝေ့ရင်း ကို လန်ကျန့်ဆီမရောက်အောင် အမျိုးမျိုး တားဆီးနေသည်
"သခင်လေးဝေ့ လန်သခင်လေးက အိမ်စက်နေတာကြောင့် ဧည့်သည်ဆောင်မှာ ခဏစောင့်ပါလား"
"မလိုဘူး အိပ်နေရင်တောင် ကိုယ့်ဘာသာ နှိုးမယ် နေစမ်းပါအုံး"
ဝေ့ရင်းက ရောက်နေရာက ရပ်လိုက်ပြီး အနောက်ဘက်ကို လှည့်ကာ အစေခံကို ခါးထောက်ပြီး
"ဘာလို့ ငါ့နောက်က လိုက်နေတာလဲ နေခဲ့ ဘာလဲ မသိဘူး ပွစိပွစိနဲ့"
ပွစိပွစိ လုပ်ရင်း ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လန်ကိုကိုလေး ရှိရာ ဆီသို့ ခရီးဆက်လိုက်သည် အနောက်မှာရှိသော အစေခံမှာတော့ ဘာစကားမပြောတော့ပင်မယ့် ဝေ့ရင်းနောက် ကနေတော့ လိုက်လာသည်
လန်ကျန့်ရဲ့ အဆောင်ရှေ့ကို ခြေထောက်ချမိတော့ရှေ့ဆက်ရင်ခြေလှမ်းမိစဉ် နောက်က ဝတ်စုံကို ဆွဲထားတာကြာင့် မျက်မှောင်ကြုတ် ပြီး နောက်လှည့်ကြည့်လိုက်သည်
YOU ARE READING
Save Me 🌚🌞🌚
Fanficငါမင်းကို အိပ်မက်မက်တယ် အိပ်မက်ထဲမှာ မင်းက ငါနဲ့ ပုံစံမတူတော့ဘူး အရင်လို ငါ့ကို ရင်မခုန်စေပင်မယ့် ရင်ဖိုစေတယ် စောင့်နေပါ ငါမင်းဆီ အရောက်ပြန်လာမယ် ငါမင်းကို အရင်ကရော အခုရော နောင်လည်းချစ်နေအုံးမှာ မင်းရော ငါ့လိုဘဲလား ငါမင်းကို အိပ်မက်မက်တယ် အိပ်မက်ထဲ...