Chapter-3

1.2K 147 23
                                    

Unicode

Section-1

Clubတက်ပြီး one night standတွေနဲ့ ရှုပ်တာကိုသိပေမယ့် Hoseokမိဘတွေက ဘာမှတော့မပြောကြ~မိသားစုလုပ်ငန်းတွေဖြစ်တဲ့ Air lineလုပ်ငန်းအများစုကို သူကဦးဆောင်နေတာကြောင့် သူ့အဖေက ကျန်တဲ့ကိစ္စတွေကို နားလည်ပေးထားသည်။

သူငယ်ချင်းသိပ်မရှိတဲ့ သူအတွက် ငယ်ငယ်ထဲက အရင်းနှီးဆုံးတိုင်ပင်ဖော်ဖြစ်ခဲ့တဲ့
အမေကတော့ သူရှုပ်တာကို သိပ်မကြိုက်ချင်~

သိသာသိ မမြင်စေနဲ့ ဆိုတဲ့ အတိုင်း
တစ်လကိုတစ်ခါ နှစ်ခါလောက်တော့ သူ့အိမ်ကိုsuprise checkလုပ်တတ်တဲ့ အမေ့
ကြောင့်ဘယ်partnerကိုမှ သူအိမ်မခေါ်လာဖြစ်....

"ကိုယ့်အမေ ဒီတစ်ပတ်ထဲလာလိမ့်မယ်~ထင်တယ်...အဆင်ပြေမလား Taehyung "

"hyungမိဘတွေက seoulက မဟုတ်ဘူးလား..."

သူ့စကားကို Taehyungက မျက်လုံးလေးပြူးပြီးကြည့်ရင်းမေးတယ်..

"seoulမှာပဲနေတာပါ Taehyungရယ်....
ပြောရမယ်ဆိုရင် ကိုယ့်ကိုလာ checkတာ..."

သူ့စကားကို Taehyungက ရယ်တယ်.....

"hyungကဆိုးလို့နေမှာပေါ့....."

"ဆိုးတာမဟုတ်ပါဘူး Taehyungရယ်....."

"ကျွန်တော်တစ်ခုမေးမယ်နော်.....hyungအချစ်ကို ဘယ်လိုမြင်လဲ...."

Taehyung စကားကို မဖြေခင် ရှေ့က
စတော်ဘယ်ရီသီးဖျော်ရည်ကို တစ်ငုံသောက်လိုက်သည်....

"အချစ်ကို ကိုယ်မကြုံဖူးဘူး.... Taehyungရော ဘယ်လိုမြင်လဲ..."

သူ့အမေးကို Taehyungက ပြုံးတယ်"

"ကျွန်တော်အတွက်တော့ အချစ်ဆိုတာ သူများဆွဲပေးတဲ့ ပန်းချီကားတစ်ချပ်လိုပဲ ..... ကိုယ်ကြိုက်တာရော မကြိုက်တာရော၊ နားလည်တာရော မလည်တာရော အစုံပါတယ်.....လှပတယ် မလှပဘူးဆိုတာတော့
ကိုယ့်အမြင်နဲ့ပဲဆိုင်တယ်လေ......"

Taehyungစကားကို သူသဘောကျသွားတာကြောင့် သွားပေါ်တဲ့အထိကို ပြုံးလိုက်မိတယ်......

သူ့ဘာသာသူပြောပြီး သူသဘောကျနေပုံရတဲ့ Taehyungဟာ စားပွဲပေါ်က စတော်ဘယ်ရီသီးတစ်လုံးကို ယူစားတယ်~ထုံးစံအတိုင်း နှုတ်ခမ်းလေးစူလို့....

Always(Completed)Where stories live. Discover now