Unicode
Section-1
"ညနေကျရင် ပြန်နှင့်လိုက်တော့နော် hyung....ကျွန်တော် Jin hyungနဲ့တွေ့ဖို့ချိန်းထားလို့...."
ကနေဒါကနေ Seoulကို သူပြန်လာတော့ Taehyungကလည်း သူနဲ့အတူ ပြန်လိုက်လာခဲ့တယ်....ပြီးတော့ Hoseokဦးစီးနေတဲ့ Airlineတွေထဲကတစ်ခုဖြစ်တဲ့ Heliofly ရဲ့ Management Departmentမှာ Taehyungအလုပ်ဝင်နေတာ ၁လကျော်လောက်ရှိနေပြီ.....
"အဲ့တာဆို တွေ့ပြီးရင် phoneဆက်လေ ပြန်လာကြိုမယ်....."
"hyung အလုပ်ရှုပ်နေပါ့မယ်....."
"ကိုယ့်ကောင်လေးကို ဒီတိုင်းပြန်ခိုင်းရမှာလား....စိတ်မချပါဘူး......"
Hoseokစကားကို Taehyungက သဘော
တကျရယ်တယ်....."ပြီးရော ပြီးရော phoneဆက်လိုက်မယ်..."
ပြောပြီးတာနဲ့ ကားပေါ်က ဆင်းဖို့ပြင်နေတဲ့
Taehyung လက်ကိုဆွဲထားလိုက်တယ်....."တစ်ခုခုမေ့နေတယ်မထင်ဘူးလား.... Taehyungလေး.."
"ကျွန်တော်တို့ Companyတစ်ခုထဲမှာအလုပ်လုပ်နေတာနော် hyung....."
မနက်တိုင်းပေးနေကျဖြစ်တဲ့ အနမ်းလေးတစ်ပွင့်ကို ကပ်စေးနှဲစွာနဲ့ Taehyungကအကြောင်းပြချက်ပေးတယ်.....
"Companyတစ်ခုထဲဆိုပေမယ့် ရုံးခန်းချင်း
မတူဘူးလေ Taehyungရဲ့~ "သူ့စကားဆုံးတော့ Taehyungကနှုတ်ခမ်းကိုတစ်ချက်နမ်းပြီး ကားပေါ်ကဆင်းပြေးသွားတယ်....
ရှက်ပြီးပြေးထွက်သွားတဲ့ Taehyungကို
ကြည့်ပြီး Hoseokအသံထွက်အောင်ရယ်မိတော့တယ်.....မနက်တိုင်းပေးနေကျ အနမ်းကိုတောင်
ရှက်နေတတ်တဲ့ သူ့ကောင်လေးဟာ ဘယ်လောက်တောင်များဖြူစင်လိုက်သလဲ...."ချစ်စရာကောင်းလိုက်တာ....."
Section-2
"ဒီလိုကျတော့လည်း မင်းရဲ့လူက ဘယ်ဆိုးလို့လဲ......"
စတွေ့ထဲက Hoseok hyungအကြောင်းကိုမေးနေတဲ့ Jin hyungဟာ မေးခွန်းတော်တော်များများမေးပြီးနောက်မှာတော့ မှတ်ချက်ချလေတယ်.....
"hyungက ကျွန်တော့်အပေါ်ကောင်းပါတယ် ~ Jin hyungကလည်း......"
ကနေဒါမှာနေတဲ့ Jin hyungဟာ တစ်နှစ်မှ ၂ခါလောက်ပဲ အခုလိုမျိုး မိသားစုနဲ့တွေ့ဖို့ Seoulကိုလာတတ်တယ်.....မိသားစုကိုထားခဲ့ပြီး ကနေဒါမှာဆေးဝါးလုပ်ငန်းလုပ်ရင်း
နေထိုင်ရတဲ့ Jin hyungရဲ့ အဓိကအကြောင်းက Namjoon hyung~