Unicode
မင်းနှုတ်ခမ်း နဲ့ငါ့နှုတ်ခမ်း
Oh.. ကမ႓ာပျက်နေပြီ..Born To Die
တစ်စတစ်စ နစ်မြုပ်သွားတဲ့ခန္ဓာကိုယ်တစ်ခုကို
အသက်ရှင်လိုစိတ် ပိုင်ဆိုင်လိုစိတ်နဲ့
သူ့ရဲ့လက်တစ်ဆုံက ကယ်တင်ခဲ့တယ်...ရေကူးကန် မျက်နှာပြင်ထက်ကိုရောက်တော့
အသက်ရှိနေလား မရှိတော့လားမသိတဲ့
chanyeolရဲ့ နှုတ်ခမ်းတွေဟာ ခရမ်းရောင်သမ်းစ
ပြုလာတယ်.."မ..မဖြစ်ဘူး..မသေပါနဲ့..ထွက်မသွားပါနဲ့..
အဆိပ်ဖြေဆေးလေးကို တိုက်ကျွေးချင်ပါသော်လဲ
Chanyeolနှုတ်ခမ်းတွေက တောင့်ခဲပြီး
ပိတ်ထားလျှက် ..
အဲ့တာကြောင့် ခရမ်းရင့်ရောင်အဆိပ်ဖြေဆေးတွေကို
baekhyun က သူ့ခံတွင်းထဲမှာငုံထားရင်း
Chanyeol နှုတ်ခမ်းဆီသို့ အနမ်းတွေကနေ
တစ်ဆင့်ဆေးရည်တွေကို ပို့ဆောင်ပေးတယ်..အေးစက် နေတဲ့ chanyeolရဲ့နှုတ်ခမ်းတွေကို
baekhyunရဲ့ နူးအိ နွေးထွေးနေတဲ့
နှုတ်ခမ်းပါးလေးက ဖွဖွလေးဖိပြီးစုပ်ယူကာ
အနွေးဓတ်ပေးနေမိတယ်...နှုတ်ခမ်းထက်ဆီက အနွေးဓတ်လေးကြောင့်
chanyeolမျက်လုံးဖွင့်လာခဲ့တယ်..
ရင်ထဲမှာအဆိပ်ကြောင့်အောင့်နေပေမယ့်
သူ့အား မျက်လုံးလေးကိုမှိတ်ပြီး နွေးထွေးအောင်
နမ်းပေးနေတဲ့ baekhyunလေးကြောင့်
အသက်ရှုရပ်မတတ် ရင်ခုန်လာရတယ်.." Yeol..Mr.Park..ပြန်..ပြန်ရှင်လာပြီပေါ့..
"ကိုယ့်အသက်ကိုကယ်ခဲ့တာလား..
သူ့မေးခွန်းကြောင့်ကောင်လေးက
မျက်နှာလေးငုံ့သွားလေရဲ့.."Meyanaeyo..ကျနော်သတ်ဖို့ကြံစည်ခဲ့လို့..
ရေတွေစိုနေတဲ့ကောင်လေးရဲ့မျက်နှာလေးက
လရောင် က ပေးတဲ့အလင်းလေးနဲ့
ပြောင်လက် နေပြီးစိန်မှုန်လေးတွေ ကပ်ထားသလို..မျက်ဝန်းက မျက်ရည်စက်လေးတွေက
ပါးပေါ်မကျအောင်ထိန်းထားတော့
ကြည်လဲ့တောက်ပနေတယ်တဆတ်ဆတ်တုန်နေရှာတဲ့ ကောင်လေးရဲ့နှုတ်ခမ်းလေးတွေကြောင့် သူမနေနိုင်တော့ပဲ
ကောင်လေးရဲ့ပါးနုနုလေးကိုလက်ဖဝါးဖြင့်ကိုင်ရင်း
နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုုက်မိတယ်...

YOU ARE READING
Born To Die
Romanceသေဖို့မွေးလာတာမဟုတ်ဘူး ParkChanyeol သဲသဲလှုပ်ချစ်တာ ခံဖို့မွေးလာတာ