🍬အပိုင်း ၂🍬

450 40 20
                                    

🍬 Unicode🍬

🍬Warning🍬: Cuteness is too
                           much..🌝

ဒီနေ့မိုးအေးတယ်။
ဂျပုလေးနဲ့ ကျွန်တော် အိမ်ပုပုလေးထဲမှာအချိန်ဖြုန်းဖြစ်တယ်။

"ကိုကို...ခဏလေးနော်..ကိုကို့အတွက်စပယ်ရှယ်ပြင်ဆင်ပေးမယ်..."

အေပရွန်သေးသေးလေးကိုဝတ်..၊ ယောက်မလေးတကားကားနဲ့ မီးဖိုချောင်သေး‌သေးလေးထဲတကုပ်ကုပ်အလုပ်ရှုပ်နေတဲ့ဂျပုသေးသေးကမသိရင် အရမ်းတွေလက်စွမ်းပြတော့မယ့်စားဖိုမှူးကြီးအထာနဲ့...။ ဒီနေ့အတွက် စပယ်ရှယ်မီနူးကတော့ ခေါက်ဆွဲပြုတ်ပါတဲ့..။ ဂျပုလေးကပြောရှာပါသေးတယ်။

"ကျွန်တော်က.. ခေါက်ဆွဲပဲပြုတ်တတ်လို့မဟုတ်ဘူးနော်...မိုးအေးရင်ခေါက်ဆွဲပြုတ်ကအလိုက်ဖက်ဆုံးမို့" ပါတဲ့..။

ဘယ်လောက် ချစ်ဖို့ကောင်းလိုက်သလဲ..?။
ဂျပုလေးလက်ရာသာဆို...ခေါက်ဆွဲပြုတ်ဆိုလည်းစားရမှာပေါ့...။

"အပုလေး...ကိုကို့ကောင်လေး...ခုထိမပြီးသေးဘူးလား...အပူလဲလောင်ဦးမယ်..သတိထားဦး.."

အိမ်ရှေ့ခန်းမှာဆက်မနေနိုင်တော့တဲ့ကျွန်တော်..၊ မီးဖိုချောင်လေးထဲကိုရောက်ရှိလာတယ်။ ဂျပု‌‌ကောင်လေး ဘယ်လိုတွေများချက်ပြုတ်နေမလဲ ပိုစပ်စုချင်မိပါရဲ့ ..။

"စိတ်ချပါဆိုနေ...စပယ်ရှယ်ခေါက်ဆွဲပြုတ်ဖြစ်စေရမယ်လို့"

ပြန်ပြောလာတဲ့ ဂျပုလေးက လက်သီးလက်မောင်းလေးတွေတန်းရင်း..။ မသိရင်တိုက်ပွဲအလီလီဆင်နွှဲတော့မယ့် စစ်သူကြီးပုပုလေးအတိုင်း..။

"ဟုတ်ပါပြီ...ကိုကို့အပုလေးကိုယုံပါတယ်ဗျာ.."

အသားမယူဘဲမနေနိုင်တော့ ယောက်မ‌လေးနဲ့‌ ခေါက်ဆွဲပြုတ်အိုးကိုမွှေရင်းအလုပ်ပိစိတွေရှုပ်နေတဲ့ ဂျပုပိစိလေးခါးကိုလှမ်းဖက်ထားလိုက်‌မိပြန်တယ်။ အကောင်သေးသေးလေးကသိပ်ဖက်လို့ကောင်းတာပဲ..။ အနွေးဓာတ်လေးလည်းရနေသေးတယ်။

"ကိုကို...ဒီမှာ ခေါက်ဆွဲပြုတ်နေတယ်လို့ .."

"အပုလေးပဲ ကိုရီယားကားတွေထဲကလိုရိုဖူးချင်တယ်ဆို..ကိုရီးယားကားတွေထဲမှာမတွေ့ဘူးလား...တစ်ယောက်ကဟင်းချက်နေရင် နောက်တစ်ယောက်က ကိုကို့လိုမျိုးလာဖက်တာလေ...ဘာလဲ..ဘာလဲ..သဘောမကျတာလား.."

ဂျပုDonde viven las historias. Descúbrelo ahora