Psychopath

999 41 9
                                    


ခင်ဗျား
ခင်ဗျားကြီးဗျာ
ကျွန်တော်အားလုံးပေးဆပ်ထားခဲ့တယ်
မိဘ မောင်နှမ ဆွေမျိုး
အားလုံးကိုစွန့်လွှတ်ခဲ့ပြီး
ခင်ဗျားနား ခစားနေတာတောင်
ခင်ဗျားလုပ်ရက်တယ်ဗျာ
ဒါပေမဲ့
အရူးလိုမျိုး
ခင်ဗျားကို ဖက်တွယ်နေမိသေးတယ်
ဟုတ်တယ်
ကျွန်တော်ကအရူးဘဲ
လုံးဝ Psychopath တစ်ယောက်ပါဘဲ

"ကောင်းကောင်း ဘာတွေအတွေးလွန်နေတာလဲ
သိပ်အများကြီးမတွေးပါနဲ့ကွာ
ကိုသမိုင်း မရှိလည်း
မင်းဘဝကိုရပ်တည်လို့ရပါတယ်"
ကျွန်တော့်သူငယ်ချင်းသတိပေးမှ
လက်တွေ့ဘဝထဲ ပြန်ရောက်တယ်
"အေးပါကွာ ငါပြန်တော့မယ် ဟေ့ရောင် "
"အေးအေးဂရုစိုက်ပြီးမောင်းအုံး "
ကောဖီဆိုင်ထဲကထွက်လာခဲ့သည်
အတွေးတွေကတော့ ရှုပ်ထွေးရင်းပေါ့

စိတ်နောက်ကျိစွာနှင့်ဘဲ
အိမ်သို့ရောက်လာခဲ့သည်
မမြင်ချင်တာတွေမြင်ရအုံးမည်
ထင်တဲ့အတိုင်းပင်
သူတို့က အိပ်ခန်းသို့ပင်မရောက်နိုင်
ဧည့်ခန်းတွင်ပင် ဖြစ်ပျက်နေကြသည်

"ကိုသမိုင်းသစ် ခင်ဗျားတရားမလွန်ဘူးလား
ကျွန်တော့်အိမ်မှာဖြစ်ပျက်နေလိုက်ကြတာ
စောက်ရှက်မရှိဘူး "
ကောင်းကောင်း အော်လိုက်သောကြောင့်
နှစ်ယောက်သားခွာလိုက်ကြသည်
"မင်းကို ဒီလိုတွေ မမြင်ချင်ရင်
ကွာရှင်းပေးလို့ပြောထားတယ်လေ "
"မကွာရှင်းပေးနိုင်ဘူး "
"မောင်ရေ မတို့ဘယ်ချိန်မှအေးဆေးနေရမှာလဲကွာ "
"မမကရော နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်နေပြီး
သူများလင်လုနေတာမရှက်ဘူးလား "
"ဘာ မင်းကများ "
"ကောင်းကောင်းမင်းတော်လိုက်တော့နော် "
"မတော်နိုင်ဘူး ခင်ဗျားဘာလုပ်ချင်လဲ
ဒီမှာအမိ ခင်ဗျားကိုဒီဘဲကြီးထောက်ပံ့နေတာတွေက
ကျွန်တော့်ပိုက်ဆံတွေ ဒီဘဲကြီးကဘာမှသုံးစားရတာ
မဟုတ်ဘူး ခင်ဗျားလစ်လိုက်တော့"
"မင်း မင်းကို အဲ့လိုတွေကြောင့် စိတ်ကုန်လာတာ "
"ဘာ ဘာ ဘာပြောလိုက်တယ်
ကျွန်တော့်ကိုစိတ်ကုန်တယ်
ကျွန်တော်ဘာအမှားလုပ်မိလို့လဲ
ခင်ဗျားနှင့်ယူပြီးကတည်းက
ဒီအိမ်ဒီခြံ စားဝတ်နေရေး အကုန်တာဝန်ယူ
ဖြေရှင်းပေးနေတာကိုတောင်
စိတ်ကုန်တယ်ဟုတ်လား "
"ဟုတ်တယ် စိတ်ကုန်တယ်
အိမ်ထောင်ဦးစီးကိုအိမ်ထောင်ဦးစီးလို
မင်းမဆက်ဆံဘူး အားလုံးကို မင်းအလိုအတိုင်း
လုပ်ခဲ့တာဘဲ ငါ့မှာဆုံးဖြတ်ပိုင်ခွင့်မှမရှိတာ
မင်းလုပ်စာထိုင်စားနေတယ်ဆိုပြီး
မင်းငါ့ကိုအထင်သေးတယ်
ငါ အဆင်သင့်မဖြစ်သေးဘူး ဆိုတာတောင်
မင်းအတင်းယူခိုင်းခဲ့သေးတာဘဲ
ပြီးမှငါမပြည့်စုံတာကိုမင်းအပြစ်မတင်နဲ့လေ
ငါနောင်တရတယ် မင်းလိုလူကိုရွေးချယ်ခဲ့မိလို့
မင်းလိုလူနှင့်နေရတာ
ငါအရှင်လတ်လတ်ငရဲကျနေသလိုဘဲ
မင်းသိလားကွ ဟမ်
မင်းသိလား ဟာကွာ "
ကောင်းကောင်းကြောင်သွားသည်
ဘယ်တုန်းကတည်းကဒီလိုအငြိုးတွေထားတတ်သွားတာလဲ ဘယ်လောက်ထိအခဲမကြေဖြစ်နေခဲ့တာလဲ
ဒီလောက်ပေါက်ကွဲလောက်အောင်ထိ
ခံစားချက်တွေမြိုသိပ်ထားခဲ့တာ
ခင်ဗျားတော်ပါတယ်
ဒီအတောအတွင်းခင်ဗျားပြုံးနေခဲ့ပေမဲ့
တော်တော်ခံစားနေရမှာပေါ့
ပြီးတော့ ယူပါယူပါလို့ ပြောတုန်းကလည်း
ခင်ဗျားမငြင်းခဲ့ဘူးလေ
ကျွန်တော်ဘယ်တုန်းကမှလည်း
ခင်ဗျားကိုအထင်မသေးခဲ့ဖူးဘူး
ဒီနေ့တော့ ခင်ဗျားကို အထင်သေးတယ်
ခင်ဗျားအဖြစ်မရှိတာကို
ကျွန်တော့်အပေါ် အပြစ်ပုံချပြီး
အငုံ့စိတ်ဝင်နေခဲ့တာ ခင်ဗျားလေ
"နွားလိုလူ စောက်ဖြစ်မရှိတဲ့လူ ခင်ဗျား "
"မောင်ရေ မတို့ အိမ်ဘဲသွားရအောင်
ဒီမှာကောင်လေးမင်းမောင့်ကို
ဘာမှပြောစရာမလိုဘူး
တို့ရှာကျွေးနိုင်တယ်
မောင့်ကို အထင်လည်းမသေးဘူး
နေ့တိုင်းချစ်ပေးပြီး အိမ်ဦးနတ်လိုကိုးကွယ်ထားမှာ
မင်းနစ်နာတာတွေဘာတွေရှိရင်လည်း
ဒီချက်လက်မှတ်မှာလိုချင်သလောက်
Amountရေးထားလိုက်
မောင်သွားမယ် "

You've reached the end of published parts.

⏰ Last updated: Jul 30, 2020 ⏰

Add this story to your Library to get notified about new parts!

PsychopathWhere stories live. Discover now