ခင်ဗျား
ခင်ဗျားကြီးဗျာ
ကျွန်တော်အားလုံးပေးဆပ်ထားခဲ့တယ်
မိဘ မောင်နှမ ဆွေမျိုး
အားလုံးကိုစွန့်လွှတ်ခဲ့ပြီး
ခင်ဗျားနား ခစားနေတာတောင်
ခင်ဗျားလုပ်ရက်တယ်ဗျာ
ဒါပေမဲ့
အရူးလိုမျိုး
ခင်ဗျားကို ဖက်တွယ်နေမိသေးတယ်
ဟုတ်တယ်
ကျွန်တော်ကအရူးဘဲ
လုံးဝ Psychopath တစ်ယောက်ပါဘဲ"ကောင်းကောင်း ဘာတွေအတွေးလွန်နေတာလဲ
သိပ်အများကြီးမတွေးပါနဲ့ကွာ
ကိုသမိုင်း မရှိလည်း
မင်းဘဝကိုရပ်တည်လို့ရပါတယ် "
ကျွန်တော့်သူငယ်ချင်းသတိပေးမှ
လက်တွေ့ဘဝထဲ ပြန်ရောက်တယ်
"အေးပါ ငါပြန်တော့မယ် ဟေ့ရောင် "
"အေးအေးဂရုစိုက်ပြီးမောင်းအုံး "
ကောဖီဆိုင်ထဲကထွက်လာခဲ့သည်
အတွေးတွေကတော့ ရှုပ်ထွေးရင်းပေါ့စိတ်နောက်ကျိစွာနှင့်ဘဲ
အိမ်သို့ရောက်လာခဲ့သည်
မမြင်ချင်တာတွေမြင်ရအုံးမည်
ထင်တဲ့အတိုင်းပင်
သူတို့က အိပ်ခန်းသို့ပင်မရောက်နိုင်
ဧည့်ခန်းတွင်ပင် ဖြစ်ပျက်နေကြသည်"ကိုသမိုင်းသစ် ခင်ဗျားတရားမလွန်ဘူးလား
ကျွန်တော့်အိမ်မှာဖြစ်ပျက်နေလိုက်ကြတာ
စောက်ရှက်မရှိဘူး "
ကောင်းကောင်း အော်လိုက်သောကြောင့်
နှစ်ယောက်သားခွာလိုက်ကြသည်
"ဟာကွာ မင်းကို ဒီလိုတွေ မမြင်ချင်ရင်
ကွာရှင်းပေးလို့ပြောထားတယ်လေ "
"မကွာရှင်းပေးနိုင်ဘူး "
"မောင်ရေ မတို့ဘယ်ချိန်မှအေးဆေးနေရမှာလဲကွာ "
"မမကရော နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်နေပြီး
သူများလင်လုနေတာမရှက်ဘူးလား "
"ဘာ မင်းကများ "
"ကောင်းကောင်းမင်းတော်လိုက်တော့နော် "
"မတော်နိုင်ဘူး ခင်ဗျားဘာလုပ်ချင်လဲ
ဒီမှာအမိ ခင်ဗျားကိုဒီဘဲကြီးထောက်ပံ့နေတာတွေက
ကျွန်တော့်ပိုက်ဆံတွေ ဒီဘဲကြီးကဘာမှသုံးစားရတာ
မဟုတ်ဘူး ခင်ဗျားလစ်လိုက်တော့ "
"မင်း မင်း မင်းကိုအဲ့လိုတွေကြောင့် စိတ်ကုန်လာတာ "
"ဘာ ဘာ ဘာပြောလိုက်တယ်
ကျွန်တော့်ကိုစိတ်ကုန်တယ်
ကျွန်တော်ဘာအမှားလုပ်မိလို့လဲ ဟမ်
ခင်ဗျားနှင့်ယူပြီးကတည်းက
ဒီအိမ်ဒီခြံ စားဝတ်နေရေး အကုန်တာဝန်ယူ
ဖြေရှင်းပေးနေတာကိုတောင်
စိတ်ကုန်တယ်ဟုတ်လား "
"ဟုတ်တယ်
စိတ်ကုန်တယ်
အိမ်ထောင်ဦးစီးကိုအိမ်ထောင်ဦးစီးလို
မင်းမဆက်ဆံဘူး အားလုံးကို မင်းအလိုအတိုင်း
လုပ်ခဲ့တာဘဲ ငါ့မှာဆုံးဖြတ်ပိုင်ခွင့်မှမရှိတာ
မင်းလုပ်စာထိုင်စားနေတယ်ဆိုပြီး
မင်းငါ့ကိုအထင်သေးတယ်
ငါ အဆင်သင့်မဖြစ်သေးဘူး ဆိုတာတောင်
မင်းအတင်းယူခိုင်းခဲ့သေးတာဘဲ
ပြီးမှငါမပြည့်စုံတာကိုမင်းအပြစ်မတင်နဲ့လေ
ငါနောင်တရတယ် မင်းလိုလူကိုရွေးချယ်ခဲ့မိလို့
မင်းလိုလူနှင့်နေရတာ
ငါအရှင်လတ်လတ်ငရဲကျနေသလိုဘဲသိလား
မင်းသိလားကွ ဟမ်
မင်းသိလား ဟာကွာ "
ကောင်းကောင်းကြောင်သွားသည်
ဘယ်တုန်းကတည်းကဒီလိုအငြိုးတွေထားတတ်သွားတာလဲ
ဘယ်လောက်ထိအခဲမကြေတွေဖြစ်ခဲ့တာလဲ
ဒီလောက်ပေါက်ကွဲလောက်အောင်ထိ
ခံစားချက်တွေမြိုသိပ်ထားခဲ့တာ
ခင်ဗျားတော်ပါတယ်
ဒီအတောအတွင်းခင်ဗျားပြုံးနေခဲ့ပေမဲ့
တော်တော်ခံစားနေရမှာပေါ့
ပြီးတော့ ကွန်တော်ကယူပါယူပါလို့ ပြောတုန်းကလည်း
ခင်ဗျားမငြင်းခဲ့ဘူးလေ
ကျွန်တော်ဘယ်တုန်းကမှလည်း
ခင်ဗျားကိုအထင်မသေးခဲ့ဖူးဘူး
ဒီနေ့တော့ ခင်ဗျားကို အထင်သေးတယ်
ခင်ဗျားအဖြစ်မရှိတာကို
ကျွန်တော့်အပေါ် အပြစ်ပုံချပြီး
အငုံ့စိတ်ဝင်နေခဲ့တာ ခင်ဗျားလေ
YOU ARE READING
Psychopath