ZAWGYI
"Hoseokkie Hyung လေစိမ်းတွေသိပ်မခံနဲ့..."
အသံကနောက်မှ ကိုယ်ပေါ်အိကျလာတဲ့ Long coatကြီးက အရင်။
ကိုယ်သင်းနံ့အရ ဒါဟာသူဝတ်ထားတဲ့ အင်္ကျီကိုချွတ်ပေးခြင်းဆိုတာ နားလည်လိုက်သည်။"ပြန်ယူပါ မင်းအေးနေမှာပေါ့..."
"ရတယ် ကျွန်တော့်အတွက်က ဒီလောက်တော့အပျော့"
Boxy smileတစ်ခုနှင့်အတူ ပြုံးပြလာတော့ သူပါလိုလိုလားလား လိုက်ပြုံးမိသည်။
"ကျွန်တော် Hyungကို ချစ်တာသိတယ်မလား.."
"အထဲဝင်ရအောင် အေးနေပြီ..."
Long coatကို ဖယ်ကာ သူ့လက်ထဲပြန်ထည့်ပေးပြီး ကုမ္ပဏီ ပရ၀ုဏ်ထဲပြန်ဝင်လာမိတော့ သက်ပြင်းချသံတိုးတိုးက ကပ်ပါလာ၏။
ခဲတစ်ခါမှန်ဖူးတဲ့ စာသူငယ်တစ်ကောင်အနေနှင့် သူအချစ်ဆိုတာကို ကြောက်လန့်နေမိတာမဆန်းချေ။S.N.A.R.E
အတိတ်တွေက တွေးကြည့်ရင် ရင်နာဖွယ်ကောင်းလှသည်။
ပြန်တွေးမိတိုင်း လောကကြီးက သူ့ကိုလှောင်ပြောင်နေသယောင်။"Appa..ဒါတွေကဘယ်လိုဖြစ်ပြီး..."
ပြန့်ကြဲနေတဲ့ ပုံတွေကိုတစ်ပုံချင်းကောက်ယူကာ Appaမျက်နှာကို အထိတ်တလန့်  ကြည့်မိသည်။
လက်သီးချက်ပြင်းပြင်းက သူ့ပါးစောင်ဆီလာမိတ်ဆက်သည်မှာ ခွပ်ခနဲ။"ကောင်းကြသေးရဲ့လား Hope corporation ရဲ့သားက ယောက်ျားချင်းကြိုက်နေတယ်တဲ့..."
"နှလုံးသားရှိတဲ့ လူသားနှစ်ဦးကြားမှာ အချစ်ဆိုတာဖြစ်တည်လာတာ ထူးဆန်းလို့လားAppa"
သူ့စကားကို Appaကခနဲ့ကာရီ၏။
"အချစ်တဲ့ ကြီးကြီးကျယ်ကျယ် လာလာချေသေးတယ် မင်းကောင်ကမင်းကို Hope corporation ownerဖြစ်လာမယ့်လူမှန်းသိလို့ ကပ်နေတာကွ..."
"Appa Jaeminမှာ ဘာအပြစ်ရှိလို့လဲ စွပ်စွပ်စွဲစွဲမပြောပါနဲ့ ကျွန်တော်မကြိုက်ဘူး..."