အုန်းသီးလို လူစားမျိုး

12 2 0
                                    


အုန်းသီးဆိုတာ..........

အပြင်ဘက်ကအခွံက ဓားမ နဲ့
အားပါပါ ခွဲမှ ကွဲတာမျိုး...........

မာကျော်တဲ့ အခွံကြီး ကွာချသွားရင်
အတွင်းထဲမှာ နူးည့ံ ချိုမွှေးတဲ့ အသားရှိမယ်.......

ဒီလိုဘဲ

လူဆိုတာ အုန်းသီးကို စံနမူနာယူသင့်တယ်။

အပြင်ပိုင်းမှာ စိတ်ဓာတ်ကြံ့ခိုင်မာကျော ရမယ်

​သူများပြောလို့ မျက်စိစုံမှိတ်ယုံလိုက်တာမျိုး

သူများတွေကဒါလုပ်လို့ ကိုယ်ပါလုပ်ရတာမျိုး မဟုတ်ဘဲနဲ့

အရာရာကို ကိုယ်ပိုင်အသိဉာဏ် နဲ့

စဉ်းစားဆင်ခြင်ဝေဖန်သုံးသပ်နိုင်ဖို့ကလဲအရေးကြီးသေးတယ်၊

အပြင်ဘက်ကစိတ်ဓာတ်မာကျောသလောက်

အတွင်းစိတ်ကိုလဲ ဖြူဖြူစင်စင်နဲ့

နူးနူးည့ံညံ့ ကိုယ်ချင်းစာတတ်ဖို့ကလဲ

အရေးကြီးပြန်ရော။

ပြတ်သားသင့်တဲ့နေရာ ပြတ်သားပြီး

​လျှော့သင့်တဲ့အခါလဲ လျှော့ရမယ်။

ဒါမှလဲအုန်းသီးနဲ့တူလိမ့်မယ်။

Pieces Where stories live. Discover now