ကျွန်တော် သေချာသိလိုက်ပြီခင်ဗျားတို့သိအောင်လဲ မျှဝေပေးချင်တယ်
လူတွေဆိုတာမျက်နှာအများကြီးရှိတယ်
ကျွန်တော်ကတော့ အဲ့လူတွေဖုံးကွယ်ထားကြတဲ့
မျက်နှာတွေကို မြင်ခဲ့တယ်
တချို့ဟာ ယုတ်မာတယ်
တချို့ကြတော့ ကောက်ကျစ်စဉ်းလဲတယ်
တချို့ကြပြန်တော့လဲ သူမတူအောင် နူးညံ့ကြတယ်
တချို့ကြတော့ မနာလိုဝန်တိုရှိကြပြန်တယ်
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့စကားအတိုင်းပေါ့
ကျွန်တော်ကတော့ လူဆိုတာ
မျက်နှာများတဲ့ သတ္တဝါလို့ အဓိပ္ပာယ်ဖွင့်ချင်တယ်
မျက်နှာများတယ်ဆိုရာမှာ
လူမှုရေးအရရှုပ်တာရှိမယ်
စကားရှုပ်တာရှိမယ်
ကိုယ်ကျင့်တရားမကောင်းတာရှိမယ် အမျိုးမျိုးပေါ့။
အိမ်း ကျွန်တော်တို့တွေ~
ဒီလို မျက်နှာတွေကြောင့်ဘယ်လောင်တောင် ဒုက္ခရောက်ခဲ့ကြပြီလဲ..............?
သတိအမြဲကပ်ပြီးပေါင်းဆက်ဆံကာမှတော်ကြာကြလိမ့်မယ်၊
"သူကအဲ့လိုမျိုးဆိုတာ မထင်ထားဘူးနော်" ဒီလိုတော့ပြောမယ် မကြံနဲ့.............
ကိုယ်ည့ံလို့ကိုယ်ခံရတာဘဲ၊
ဒီလိုမျက်နှာများနဲ့လူတွေကို
ဘယ်သူတွေသိနိုင်မှာလဲ?
11:46 PM
July 31st, 2020.
YOU ARE READING
Pieces
Poesíaစိတ်ကူးနဲ့လက်တွေ့ ထပ်တူမကျတဲ့အခါ လက်တွေ့ဘဝက သင်ပေးလိုက်သော ဘဝ ဒဿန များ〰️