Once upon a family(pt.1)-Unicode-

53 5 0
                                    

လောကကြီးမှာ အချိန်ဟာတစ်ကယ်ကို အရေးကြီးတယ် နောင်တဆိုတဲ့အရာအတွက် ကိုယ့်အမှားကိုပြန်ပြင်ဖို့အတွက် အချိန်လေးကို နောက်ပြန်ဆုတ်ပေးလို့ရမလားဟင်.....

💜🕕💜

ကျွန်တော့်နာမည်က Kim Seokjin ပါ ကျွန်တော်က ခုဟိုတယ်ပိုင်ရှင်ပေါ့ အဖေ့ရဲ့အမွေကိုဆက်ခံထားရတဲ့ သူဌေးလေးပေါ့...
ကျွန်တော့်ရဲ့ တက္ကသိုလ်တုန်းက ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်...နားထောင်ကြမယ်မဟုတ်လား...

၂၀၁၀ခုနှစ် အင်း...ဒီအချိန်လေးကတော့ လုံးဝမေ့ပစ်လို့မရတဲ့ တက္ကသိုလ်ကျောင်းသားအချိန်ေပေါ့..
ကျွန်တော်က တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား...

ကျွန်တော်က အဆောင်ငှါးပြီးကျောင်းတက်တာ လွတ်လွတ်လပ်လပ်နေချင်လို့ပေါ့ ဒါပေမဲ့ တစ်ယောက်တည်းမဟုတ်ဘူး ကျွန်တော့်မှာ အခန်းဖော် Min Yoongi ဆိုတာရှိတယ် သူကအခန်းဖော်ပေါ့ နောက်ထပ်ရှိသေးတယ် အခန်းမတူပေမဲ့ဘေးအခန်းက Kim Namjoon တဲ့ Namjoon ရဲ့အခန်းဖော်က Kim Taehyung တဲ့

နောက်ထပ်အလွန်ချစ်စရာကောင်းတဲ့ဆန်မုန့်လေး သူကPark Jimin တဲ့သူ့အခန်းဖော်က Jung Hoseok

ကျွန်တော်တို့အားလုံးထဲမှာ အငယ်ဆုံးလေး Jeon Jungkook တဲ့ သူကအနေအေးတော့ တစ်ယောက်ခန်းမှာနေတာ

ဒီလိုနဲ့ကျွန်တော်တို့အဆောင်က လူခုနှစ်ယောက်နေကြတာပေါ့ အသက်အရွယ်တွေတော့ မတူကြဘူးပေါ့ Yoongi က ကျွန်တော့်ထက်တစ်နှစ်ငယ်တယ် Namjoin နဲ့ Hoseok ကအသက္တူတူပဲ Taehyung နဲ့ Jimin လေးကလည်းအသက်တူတယ် အဲ့တော့ကျွန်တော်ကအကြီးဆုံးပေါ့နော်

🧡🕕🧡

Jin-ကလေးတွေ ထကြတော့ ဒီနေ့ကျောင်းစတက်ရမယ်လေ

NJ-ကျွန်တော်နဲ့ hobi လေးကနိုးနေပြီဗျ yoongi hyung ကိုသာ ရအောင်နိုး

Yg-ဘာလဲ မင်းကငါမနိုးလောက်ဘူးထင်နေတာလား

NJ-အဲ့လိုလည်းမဟုတ်ပါဘူး hyung ကလည်း😁

Yg-😒

V-ဟုတ်တယ် Yoongi hyung သူကအဲ့လိုထင်နေတာ hyung ကနိုးလည်းထမှာမဟုတ်ဘူးဆိုပြီး

NJ-ဟျောင့် ငမွှေထိုး လျှောက်ပြောပြန်ပြီ

V-😝

Once upon a family (Z+U)Where stories live. Discover now