"Pronoun''(နာမ်စား)
Noun(နာမ်)အစားသုံးသော စကားလုံးတွေကို Pronoun(နာမ်စား) ဟုခေါ်သည်။♥Subject(ကတ္တား)=ပြုလုပ်သူ
သည်၊က၊မှာ- ဖြင့် ဘာသာပြန် ရသည်။
S(N)နေရာဝင်လာသော (Pronoun)များ
I=ကျွန်ုပ်,We=ကျွန်ုပ်တို့,You=သင်/သင်တို့
They=သူတို့
ဥပမာ-Ma Ma lives in Mandalay.
She lives in Mandalay.♥Object(ကံ)=ပြုလုပ်ခံရသူ
ကို-ဖြင့် ဘာသာပြန်ရသည်။
me=ကျွန်ုပ်ကို,us=ကျွန်ုပ်တို့ကို,you=သင့်ကို/သင်တို့ကို
him=သူ့ကို,her=သူမကို,it=ထိုဟာကို/၎င်းကို
them=သူတို့ကို
ဥပမာ-Mg Mg likes me.♥Possessive(ပိုင်ဆိုင်မှုပြ)
my=ကျွန်ုပ်၏ (ပိုင်ဆိုင်သူကို ဖော်ပြ)
mine=ကျွန်ုပ်၏ဟာ(ပိုင်ဆိုင်သည့် အရာကို ဖော်ပြ)
our=ကျွန်ုပ်တို့၏
ours=ကျွန်ုပ်တို့၏ဟာ
your=သင်၏/သင်တို့၏
yours=သင်၏ဟာ/သင်တို့၏ဟာ
his/his=သူ၏/သူ၏ဟာ
her/hers=သူမ၏/သူမ၏ဟာ
its/-=ထိုဟာ၏/၎င်း၏
their=သူတို့၏
theirs=သူတို့၏ဟာ
ဥပမာ-My bag is dirty.
This car is mine.♥Self form(ကိုယ်တိုင်)
myself=ကျွန်ုပ်ကိုယ်တိုင်
ourselves=ကျွန်ုပ်တို့ကိုယ်တိုင်(ourသည်အများမို့)
yourself=သင်ကိုယ်တိုင်(youသည်အနည်းမို့)
yourselves=သင်တို့ကိုယ်တိုင်(youသည် အများမို့)
himself=သူကိုယ်တိုင်
herself=သူမကိုယ်တိုင်
itself=၎င်းကိုယ်တိုင်
themselves=သူတို့ကိုယ်တိုင်(theyသည်အများမို့)
ဥပမာ-I cooked this curry myself.*It ကို တိရစ္ဆာန်၊အရာဝတ္ထုတို့၌သာ သုံးသည်။
<ဥပမာပေးထားသည်များကို ကြည့်၍ မိတ်ဆွေတို့ လေ့ကျင့်နိုင်ပါသည်>
(Pronounနှင့် ပတ်သတ်ပြီး အကျယ်တဝင့် ရှင်းပြပေးပါအုံးမည်။မေတ္တာဖြင့် စောင့်မျှော်ပေးစေချင်ပါတယ်ရှင်)
''Types of Pronouns''
1.Personal Pronouns
2.Possessive Pronouns
3.Reflexive Pronouns
4.Interrogative Pronouns
5.Indefinite Pronouns
6.Demonstrative Pronouns1.Personal Pronouns
မည်သည့်လူပုဂ္ဂိုလ်များ ၊မည်သည့်အရာဝတ္ထုများ နှင့် မည်သည့်အုပ်စုအဖွဲ့များဟူ၍ အထူးပြု ရည်ညွှန်းသည်။
Subject(ပြုလုပ်သူ) Pronoun
I,We,You,He,She,It,They နှင့်
Object(ပြုခံရသူ) Pronoun
me,us,you,him,her,it,them
တို့ ပါဝင်သည်။Subject Pronoun(SP) နှင့် Object Pronoun(OP)ရေးနည်း အထားအသို အမှန်..
Sp-Moe Moe and I are sitting on the grass.
You and I are going to Pagoda.
He and I are doing homework.
*Iသည် (SP) ဖြစ်သည်။
Englishမှာ ယဉ်ကျေးမှုအရ တစ်ဖက်လူအား ဦးစားပေး ရေးသားပြောဆိုသည်။ထို့ကြောင့် Moe Moeကို ဦးစွာ ရေးသားပြောဆိုခြင်းဖြစ်သည်။
YOU ARE READING
English Grammar
Não FicçãoGrammar နှင့် ပတ်သတ်သမျှ အကြောင်းအရာများကို စုစည်း တင်ပြပေးပါမည်။ မိမိလေ့လာထားသမျှ အကြောင်းအရာများကို အခြားသူများလွယ်လင့်တကူ သိရှိနိုင်ရန် စုစည်းဖော်ပြပေးထားခြင်း ဖြစ်ပါသည်။ မိမိသည် အင်္ဂလိပ်စာကို အခြေခံအားဖြင့် ဤကဲ့သို့ လေ့လာပုံကို အခြားသူများ လွယ်က...