ဒီနေ့တော့ ခြေတွေ လက်တွေ မသယ်ချင်လောက်အောင် ကျွန်တော် ပင်ပန်းနေသည်။
ရှယ်ယာဝင်လူကြီးများနှင့် အစည်းအဝေးကြောင့် ပုံမှန်ထက် ပို၍ ရုံးဆင်းတာနောက်ကျသည်။
တိုက်တိုက်ဆိုင်ဆိုင် ကားကလည်းပျက်နေ၍ Bus နှင့်သာ ပြန်လာခဲ့ရသည်။အဝတ်အစားလဲ ရေမိုးချိုးပြီးနောက် လပေးယူစားသော ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်တော့ ပြည်ကြီးငါး။
ရှိုင်းက ပြည်ကြီးငါး အလွန်ကြိုက်သည်။ပန်းကန်စင်တွင် ထောင်ထားသော ပန်းကန်နှစ်ချပ်မှ တစ်ချပ်ကို ယူကာ ထမင်းခူးနေစဥ် တံခါးခေါက်သံ ကြားလိုက်ရသည်။
လာပြီ ထင်ပါရဲ့။
တံခါးဖွင့်ပေးလိုက်တော့ ထင်သည့်အတိုင်း ဝေယံ။
လက်ထဲမှာလည်း အထုပ်တွေနှင့်။"ခင်ဗျားက စားတောင်စားနေပြီလား။
ကျွန်တော်က ခင်ဗျားနဲ့ စားဖို့ ဟင်းတွေတောင် ဝယ်လာသေးတာ။""အခုမှ စစားမလို့။
ဝင်ခဲ့လေ။"ကျွန်တော်ခေါ်တော့မှ အိမ်ထဲဝင်လာသည်။
ထမင်းစားပွဲကိုရောက်တော့ အလိုက်သိစွာ ပန်းကန်စင်ပေါ် က ပန်းကန်ကို မယူဘဲ ကြောင်အိမ်ထဲက ယူသည်။သောကြာနေ့ညဆို ပုံမှန် ဝေယံက သူ့ဆီလာနေကြ ဖြစ်သည်။
နောက်တစ်နေ့ သူတို့နှစ်ယောက်လုံး အလုပ်သွားစရာ
မရှိသဖြင့် တစ်ညတာကို စိတ်အေးလက်အေး ကုန်ဆုံးနိုင်သည်။တစ်ခါတရံ သူအရမ်း စိတ်ပင်ပန်းနေသည့်အချိန်များမှ လွဲ၍ပေါ့။
ထမင်းစားပြီးတော့ ဝေယံက မအိပ်ခင် ရုပ်ရှင်တစ်ခုကြည့်ဖို့ ပြင်သည်။
ကျွန်တော်က ပြတင်းပေါက်နားရပ်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။"ခင်ဗျားကလည်းဗျာ ဝရန်တာထွက်သောက်တာ မဟုတ်ဘူး။ "
ပြောတော့မှ ကျွန်တော်သတိရသွားသည်။
ဝေယံက စီးကရက်နံ့ကို မကြိုက်။ရှိုင်းကတော့ စီးကရက်ကို သူ့ထက်တောင် ပိုသောက်တတ်
သဖြင့် ဘယ်တုန်းကမှ တစ်ယောက်ကိုတစ်ယောက် ရှောင်နေဖို့ မလိုခဲ့။
YOU ARE READING
Miserable