Chapter 7: The Start

176 21 6
                                    

Unicode******

ဒီနေ့ က ကြာသပတေးနေ့ ဆိုတော့ အိမ်ကို ကျန်းမာရေး စစ်ဆေးတဲ့ သူတွေလာကြမှာ သူတို့ က ၁၀ နာရီခွဲ လောက် လာမယ် လို့ တော့ ပြောတယ် သူတို့ မလာခင်လေး ကိုယ့် အလုပ်ကိုယ် လုပ်လိုက်ဦးမယ် 

ဟို နေ့ က P'Boun ကို ပြထားတဲ့ သီချင်းကို ပြီးအောင်လက်စသတ်ရဦးမယ် အဲ့ သီချင်းနာမည်က "With You" တဲ့ 

P'Boun က ဒီသီချင်းက ကောင်းတယ် ကျွန်တော်လုပ်သမျှထဲ မှာ အကောင်းဆုံး လို့ပြောပြီး ထဲ က ဒီ သီချင်း ကိုဆက်လုပ်ရတဲ့ ခံစားချက်က အရမ်းကောင်းသွားတယ် 

သူက ကျွန်တော့် အလုပ်အပေါ်ထားတဲ့ ခံ စား ချက်ကို အမြဲကောင်းအောင်လုပ်ပေးနိုင်တယ် ကျွန်တော် ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်တယ်လို့ပြောတဲ့ အချိန်က စပြီး သူကျွန်တော်ကို အားပေးခဲ့တယ် သူပြောဖူးတယ် သူကျွန်တော့်ကို ယုံတယ် တဲ့ ကျွန်တော်လုပ်နိုင်မယ် ဆိုတာကိုယုံတယ်တဲ့ အဲ့ စကားကကျွန်တော့် ကို အရမ်းအားတက်စေတယ် သူအဲ့ လိုပြောပေးတာကိုအရမ်းကျေးဇူးတင်တာပဲ ကျွန်တော် ဒီနေ့ ဒီနေရာထိရောက်လာခဲ့ တာ P'Boun ရဲ့ ယုံ ကြည်မှူတွေကြောင့်ပဲ 

ဒါပေမယ့် Nea အတွက် သီချင်းရေး  စရာ လည်းရှိသေးတယ် အဲ့ ကိစ္စ ကကျွန်တော့ကိုတော်တော်ခံ စားရစေတယ် ကျွန်တော် အဲ့ဒါကို စဥ◌်းစားမိတိုင်းသူမကို အရမ်း သတိ ရပြီး အဲ့နေ့ကို ပြန်ရောက်သွား သလိုပါပဲ 

သူမက ထွက်သွား ပြီ ဒီလောကထဲက ထွက်သွားခဲ့ ပြီ ဒါ ပေမယ့် သူနိုင်ငံ ခြားထွက်သွားတယ်လို့ ပဲ ကိုယ့် စိတ်ကိုညာမိနေတုန်းပဲ

ကျွန်တော် အဲ့နေ့ကိုရှင်းရှင်းလင်းလင်း မှတ်မိတယ် 

၂၀၁၇ မေလ ၁၆ ရက် ........

မနက်ခင်း........ကျွန်တော် အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့တယ် အဲ့ချိန်မှာ အမည်မသိဖုန်းနာပါတ်တစ်ခု ကျွန်တော့် ဆီဖုန်းခေါ် လာတယ် 

"ဟလို "

"ဟလို ..ခုပြောနေတာ Prem Warut လားမသိဘူးခင်ဗျ?"

"ဟုတ်ကဲ့ ခုပြောနေတာဘယ် သူလဲ မသိဘူး ခင်ဗျ "

" ကျွန်တော် က Dr. Numithim ပါ "

Olivious (BounPrem) Myanmar TranslationWhere stories live. Discover now