Chaper 10: So much more

164 21 2
                                    

Unicode******

ကျွန်တော် ခု (9 am) ထိ အိပ်ရာထဲမှာပဲ အိပ်ပြီးနေနိုင်တယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်
4နှစ်ကြာ crush ခဲ့ရတဲ့ ကျွန်တော့ crush က မီးဖိုချောင်မှာ မနက်စာပြင်နေတဲ့အချိန် ကျွန်တော် အရမ်းစိတ်လှူပ်ရှားပြီး ကြောက်ရွံနေခဲ့ပါတယ်

ကျွန်တော် အခန်းထဲ ကနေ ဘယ်လိုမှ မထွက်နိုင်ဘူး ဖြစ်နေတယ် "သူက ခု မီးဖိုချောင်မှာ ရှိနေတယ် သူ Lu ကို စကားတွေပြောပြီး ရယ်မောနေတယ် ဟူးးးးးးးးး ငါဘယ်လို ထထွက်သွားရမလဲ????😭😭😭😭"

သူခု T-shirtနဲ့ boxerပဲ ဝတ်ထားမယ် ဆို တာ ကျွန်တော် သေချာပေါက်ပြောရဲတယ်...အဲ့ဒါက ကျွန်တော်ကို သေချင်စိတ်တောင်ပေါက်စေတယ် ကျွန်တော် အကူအညီ လိုနေပြီ .....

" သူ့ကို ဒိလို ပုံစံမျိုးနဲ့ ဒါပထမဆုံး မြင် ဖူးတာမှ မဟုတ်တာ ငါအဆင်ပြေနေသင့်တယ်လေ မဟုတ်ဘူးလား ...."

အားးးးး မရဘူး

သူ့ကို ဘယ်လိုပုံစံနဲ့ ပဲ မြင်မြင် ကြွေတယ် သဘောကျတယ် ချစ်တယ် သူနဲ့ လိုက်တာလေးတွေဝတ်ထားရင် ပိုတောင်ချစ်သေးတယ် ကျွန်တော် သူ့ကိုချစ်တဲ့ စိတ်တွေကို pro ဆန်ဆန် မြိုသိမ့်ပြီး ဘာမှမဖြစ်သလို နေနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး

ငါ ဘာမှားနေတာလဲ.......

အတွေးပေါင်းစုံထဲ နစ်မြော နေစဥ်....

"P'Boun မနက်စာအဆင်သင့်ဖြစ်ပြီ " Prem ကျွန်တော်ကိုလှမ်းခေါ်လိုက်တယ်

Oh fuck .....

"သူငါနိုးနေတာကိုသိနေတယ်ဆိုတာ ငါသတိမထားမိဘူး "

ကျွန်တော့် ဘယ်လောက်ထိပဲ အိပ်ရာထဲ မှာ လှဲ နေပါစေ ၈နာရီထက်ကျော်ပြီး ဘယ်လိုမှ အိပ်လို့မရဘူး ဆိုတာ သူ့ကိုပြောပြထားဖူးတာပဲ

"P'Boun ခုထွက်လာခဲ့တော့လို့ "

"အိုခေ လာပြီလာပြီ"

ကျွန်တော်ြဖည်း ဖြည်းချင်း ထထိုင်ပြီးတော့ လက်သီးဆုတ်ရင်း

" မင်းလုပ်နိုင်ရမယ် ဖိုက်တင်း ဒါက Prem လေးပဲလေ ဘာမှကြီးမားပြီး ကြောက်စရာကောင်းနေတဲ့ ဟာမှ မဟုတ်တာ "

Olivious (BounPrem) Myanmar TranslationWhere stories live. Discover now