[မင်း သေချာပေါက် ပြန်လာရမယ်]
ထိုအသံမှာ အင်မတန်မှ ကျယ်လောင်လေရာ နန်းဆောင်၀င်းအတွင်းရှိလူများသာမက အိပ်မောကျနေသော သွမ့်ပိုင်ယွဲ့ကပါ လန့်နိုးသွားလေသည်။
နိုးလာပြီဆိုပေမင့် မျက်၀န်းများကတော့ ဖွင့်ဟမလာနိုင်သေး။ ဘေးနား ထိုင်စောင့်နေသော ချူယွမ်ကတော့ အပေါ်ဝတ်ရုံကိုခြုံလွှမ်းလိုက်ကာ အခန်းအပြင်ဘက်ထွက်သွားသည်။ တံခါးပိတ်သွားသည့်အသံကြားရတော့မှ သွမ့်ပိုင်ယွဲ့မျက်၀န်များ ပွင့်ဟလာ၏။ သို့သော် တစ်ခုခုကို နက်နက်နဲနဲ တွေးဆနေသည့်နှယ်။
သွမ့်ယောင်ကတော့ နန်းဆောင်၀င်းထဲ ရောက်နေပြီဖြစ်သည်။ အပြေးအလွှားလာခဲ့ရသဖြင့် ဟောဟဲလှိုက်နေဆဲဖြစ်သည်။
"ရလာပြီလား"
နန်မော်ယဲ့ကလည်း ခေါင်းစုတ်ဖွားပုံစံကြီးနှင့် ဘေးအဆောင်မှ ထွက်လာ၏။ ဖိနပ်ပင် တစ်ဖက်သာ စီးလာနိုင်သည်။ကြည့်ရုံမျှနှင့် အရမ်းကို အလျင်စလိုနိုင်မှန်း သိသာပေသည်။သွမ့်ယောင်က အင်္ကျီထဲမှ ဆေးပုလင်းငယ်တစ်ဘူး ထုတ်ပြလိုက်၏။
"ဟုတ်ကဲ့၊ ဒီတစ်ခုပါပဲ ရှစ်ဖူး"
"ကိုယ်တော့်ကို အမြန်ပေး....."
ချူယွမ် ထိုပုလင်းကိုယူရန် လက်လှမ်းလိုက်တော့ နန်မော်ယဲ့က ပို၍ဦးအောင် ကြားဖြတ်လုယူထားလိုက်သည်။ အတုက အတုသာဖြစ်သောကြောင့် ပေးမတွေ့လေကောင်းလေပင်။
"ထျဲန်းချန်ရှားအစစ်လား"
ချူယွမ်မေးလာတော့ သွမ့်ယောင်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ခေါင်းတတွင်တွင်ခါပြပြန်သည်။
"သိပ်တော့မသေချာသေးပါဘူး ဘုရား"
"ဘယ်သူ့ဆီကနေ ရလာတာလဲ"
"မျက်ခုံးဖြူ နတ်အရှင်ဆီကပါ"
ဒီတစ်ခေါက်တော့ သွမ့်ယောင် ချက်ချင်းဖြေနိုင်သွားပေပြီ။
"ဒီလိုနာမည်မျိုး ကိုယ်တော်မကြားဖူးဘူး"
မကြားဖူးတာကမှ မှန်တာလေ။ ဒီနေ့ခင်းကမှ ထွင်လိုက်တဲ့ ဇာတ်လမ်းကြီးပဲဟာ။
YOU ARE READING
ဧကရာဇ်ဗျူဟာ
Romance"ဒီတစ်ခေါက်ရော အလဲအလှယ်အနေနဲ့ ကိုယ်တော်ဘက်က ဘာပြန်ပေးရမလဲ" "မင်း"