1.🌊

1.5K 224 27
                                    

ကားပြာလေး ထိုးရပ်လိုက်တယ်ဆိုရင်ကိုပဲ
ကားထဲကနေ
ဖြူဖြူလုံးလုံးကောင်ငယ်လေးဟာ
ဘောလုံးလေးတစ်လုံး
ပစ်လွှတ်လိုက်သလို
ခုန်ပေါက်လို့ လိမ့်ထွက်လာပါတယ်..။

ခြေထောက်တိုတို တုတ်တုတ်လေးတွေရဲ့
ဦးတည်ရာက
ကမ်းစပ်ဘက်ကို ဖြစ်တယ်..။

ပါးစပ်ကလည်း
မနားတမ်းအော်ဟစ်လာသေးတာ..။

"ရေသွေ ရေသွေ..."တဲ့

ပြေးနေရင်းက
ရုတ်တရက် ဆွဲဖမ်းတာခံလိုက်ရတော့
ခြေသလုံးတုတ်တုတ်လေးတွေက
လေထဲမယ် ယက်ကန်ယက်ကန်နဲ့
အရှိန်မသေနိုင်ပဲ
ဆက်ပြေးနေသေးတယ်...။

ဖောင်းနေတဲ့ပါးလေးတွေက
ပိုလို့ ဖောင်းတက်လာတယ်
သူ စိတ်ဆိုးနေပါတယ်ပေါ့..။
"ရေသွေလို့ပြောနေသယ်လေ.."

"အေးပါဟ..နေပါဦး..
ဘန်ဂလိုဘက် အရင်သွားပြီးမှ
ပြန်လာကြမယ်လေ..နော်"

ရှီးချန်က တကယ်တော့ ရွယ်တူတွေထဲမယ်
အတော်လေးလူကောင်ထွားပြီး
အရပ်မြင့်တဲ့ထဲပါတယ်..။
ဒါပေမဲ့ လက်ထဲက
သူ့ညီ ပေါက်စီနဲ့ဘောလုံးစပ်ကျထားတဲ့
မျိုးစိပ်သစ်ကိုတော့
မနည်းနိုင်အောင် မနေရပါတယ်..။

ဒါတောင် ဒင်းလေးက တစ်စက်မှအငြိမ်
နေတာ မဟုတ်ဘူး..။

"ဖယ်ပေး ဖယ်ပေး
လက်သွေကိုဖယ်ပေး.."

မားက အငြိမ်မနေတဲ့
ပေါက်စီလေးကို လက်လွှဲယူလိုက်တယ်..။

"တိတိအရမ်းကြိုက်တဲ့ ငါးကင်ကို
အခု သွားစားကြမလို့..
ဒါကို ကမ်းစပ်မှာပဲ
နေခဲ့ချင်သေးတာလား.."

မျက်လုံးလေးတွေက
တဖျက်ဖျက် လက်လာပါတယ်..။

"ငါးကင်စားမယ်
စားမယ်နော်..
စားပြီးရင် ရေထဲလဲ တွားမှာ.."

ရှီးချန်က မားလက်ထဲက
နှုတ်ခမ်း တထော်ထော်နဲ့ မွှတ်ထနေတဲ့
အလည်ကောင်ကို ကြည့်လို့
စောင်မြင်တွေကတ်လာတယ်.။

နောက်ကနေ
ကောက်ထွက်နေတဲ့
တင်ပါးလုံးလေးတွေကို
လှမ်းရိုက်လိုက်ဖို့ တွေးလိုက်ပေမယ့်
ဗြဲခနဲ ထအော်ရင် သူပဲ အဆူခံရဦးမှာမို့
ငြိမ်နေလိုက်ရတယ်..။

Sea of loveWhere stories live. Discover now