ငါးလေးက ဘာစကားမှပြန်မပြောပေမယ့်
သူပြောတာကိုတော့ နားလည်ပုံရတယ်..။"ငါ နောက်နေ့ လာလို့မရသော့ဘူး..
ဟိုး အဝေးကြီးကအိမ်ကို
ပြန်ရသော့မှာ.."ပြောရင်းနဲ့
သူ တရှုံ့ရှုံ့ငိုတယ်..။
ငါးလေးကလည်း
သူ့ကိုကြည့်လို့ လိုက်ငိုပြန်တယ်..။"နောက်နှစ်သွေလည်း
ငါ ပြန်လာခဲ့မယ် နော်..
ငါ့မားကို လိုက်ပို့ခိုင်းမယ်..."ငါးလေးက
ငိုနေရာကနေ
ခေါင်းကို တဆတ်ဆတ်ညိတ်လို့
ပြုံးလာပြန်တယ်..။ပြီး သူ့ကို ဆွဲကြိုးလေးတစ်ခု
ဆွဲပေးပါတယ်...။နေရောင်ထဲ ထောင်ကြည့်မိတဲ့အခါတိုင်းရောင်ပြန်လေးတွေ
တလက်လက်ထနေတတ်တဲ့
ကမာခွံ ဆွဲကြိုးလေး..။ခွဲခါနီးကျ
ငါးလေးရဲ့ပါးကို
သူ ဖျတ်ခနဲ နမ်းလိုက်တယ်..။ငါးလေးက ရှက်လို့ထင်တယ်..။
သူ ပြန်တဲ့အထိ ခေါင်းကြီးငုံ့လို့
မော်တောင် ကြည့်မလာတော့ပါဘူး..။(Z)
ငါးေလးက ဘာစကားမျွပန္မေျပာေပမယ့္
သူေျပာတာကိုေတာ့ နားလည္ပံုရတယ္..။"ငါ ေနာက္ေန့ လာလို႔မရေသာ့ဘူး..
ဟိုး အေဝးႀကီးကအိမ္ကို
ျပန္ရေသာ့မွာ.."ေျပာရင္းနဲ႔
သူ တရႈံ႔ရႈံ႔ငိုတယ္..။
ငါးေလးကလည္း
သူ႔ကိုၾကၫ့္လို႔ လိုက္ငိုျပန္တယ္..။"ေနာက္ႏွစ္ေသြလည္း
ငါ ျပန္လာခဲ့မယ္ ေနာ္..
ငါ့မားကို လိုက္ပို႔ခိုင္းမယ္..."ငါးေလးက
ငိုေနရာကေန
ေခါင္းကို တဆတ္ဆတ္ညိတ္လို႔
ႃပံုးလာျပန္တယ္..။ၿပီး သူ႔ကို ဆဲြႀကိဳးေလးတစ္ခု
ဆဲြေပးပါတယ္...။ေနေရာင္ထဲ ေထာင္ၾကၫ့္မိတဲ့အခါတိုင္းေရာင္ျပန္ေလးေတြ
တလက္လက္ထေနတတ္တဲ့
ကမာခြံ ဆဲြႀကိဳးေလး..။ခဲြခါနီးက်
ငါးေလးရဲ့ပါးကို
သူ ဖ်တ္ခနဲ နမ္းလိုက္တယ္..။ငါးေလးက ရွက္လို႔ထင္တယ္..။
သူ ျပန္တဲ့အထိ ေခါင္းႀကီးငံု႔လို႔
ေမာ္ေတာင္ ၾကၫ့္မလာေတာ့ပါဘူး..။