1

3.5K 186 19
                                    

သူကျွန်​မရဲ့ဘဝထဲကိုရုတ်​တရက်​အ​ကြောင်းမကြားပဲဝင်​ရောက်​လာခဲ့တယ်​.. ။

သူ့​ကြောင့်​ပဲကျွန်​မချစ်​တတ်​လာခဲ့တယ်​.. ။

ကျွန်​မကိုချစ်​တတ်​အောင်​သင်​ပေးခဲ့တဲ့သူကတစ်​နေ့မှာ​တော့ကျွန်​မဘဝထဲကပြန်​ထွက်​သွားခဲ့တယ်​လေ... ။

တို့ မင်းကိုလွမ်းတဲ့စိတ်​နဲ့​သေနိုင်​တယ်​​ကျေးဇူးပြုပြီး တို့ဘဝထဲကိုပြန်​ဝင်​လာ​ပေးပါလား ... ။

•••••Flash Back•••••

ကျွန်မရဲ့နာမည်တော့ပတ်ချယ်ယောင်းပါ..
ဘွဲ့ရပြီး​လော​လောဆယ်​ဘာအလုပ်​မှမရှိ​သေးသူတစ်​ယောက်​ပေါ့ ...။

တစ်​နေ့ ကျွန်​မ super marketတစ်​ခုမှာ မေမေမှာလိုက်​တဲ့ပစ္စည်း​တွေဝယ်​ခြမ်းပြီးကား​နောက်​ခန်းထဲ​နေရာချကာကား​ရှေ့ခန်းထဲပြန်​ဝင်​ပြီးစက်နှိုးမလို့ရှိ​သေးတယ်​ လှစ်​ခနဲလူရိပ်​တစ်​ခုကကားတံခါးကိုဆွဲဖွင့်​ပြီးကျွန်​မ​ဘေးကထိုင်​ခုံမှာဝင်​ထိုင်​လိုက်​တယ်​.. ။

" Noonaမြန်​မြန်​မောင်းပါ..​နောက်​မှာလူဆိုး​တွေလိုက်​လာတယ်​.. "

ဟင် .. သူ့ကြည့်​တော့လဲမိန်းက​လေးပါ..
ဘယ့်​နှယ့်​ကြောင့်​ကျွန်​မကိုnoonaလို့​ခေါ်တာလဲအသားကဖြူစွတ်​နေပြီး က​လေးလိုမျက်​နှာ​လေးက​ချွေး​တွေအရွှဲသားနဲ့တစ်​ခုခုကို​ကြောက်​လန့်​​နေတဲ့ပုံ​လေး တကယ့်ကိုသနားစရာပါ.. ။

(Noona = မမ )

" Noona .. မြန်မြန် .. "

​ဟော..ထပ်​ခေါ်ပြန်​ပြီ..သူ့ကို​ကြောင်​ကြည့်​နေတဲ့ကျွန်​မလက်​မောင်းကိုဆွဲကိုင်​လှုပ်​ကာထပ်​ပြော​တေ့ာ ကျွန်​မလဲဘာမှထပ်​စဉ်းစား​မနေတော့ပဲကားကိုစက်​နှိုးပြီးထွက်​လိုက်​တယ်​... ။

ကျွန်​မ​မောင်းထွက်​လာပြီး​ နောက်​ကြည့်​မှန်​က​နေကြည့်​လိုက်​တော့မှ အိုးမို !! လိုက်​လာတဲ့သူ​တွေက​ဆေးရုံဝန်​ထမ်းအဝတ်​အစား​တွေနဲ့ပါလား..

အဲ့​တော့မှကျွန်​မ​ဘေးက​ကောင်​မ​လေးကိုကြည့်​
မိ​တော့သူကလူနာအဝတ်​အစား​ပေါ်မှာအ​နွေးထည်​ပါးပါးတစ်ထည်​ထပ်​ဝတ်​ထားတာပဲ..

လီလီWhere stories live. Discover now