သူကျွန်မရဲ့ဘဝထဲကိုရုတ်တရက်အကြောင်းမကြားပဲဝင်ရောက်လာခဲ့တယ်.. ။
သူ့ကြောင့်ပဲကျွန်မချစ်တတ်လာခဲ့တယ်.. ။
ကျွန်မကိုချစ်တတ်အောင်သင်ပေးခဲ့တဲ့သူကတစ်နေ့မှာတော့ကျွန်မဘဝထဲကပြန်ထွက်သွားခဲ့တယ်လေ... ။
တို့ မင်းကိုလွမ်းတဲ့စိတ်နဲ့သေနိုင်တယ်ကျေးဇူးပြုပြီး တို့ဘဝထဲကိုပြန်ဝင်လာပေးပါလား ... ။
•••••Flash Back•••••
ကျွန်မရဲ့နာမည်တော့ပတ်ချယ်ယောင်းပါ..
ဘွဲ့ရပြီးလောလောဆယ်ဘာအလုပ်မှမရှိသေးသူတစ်ယောက်ပေါ့ ...။တစ်နေ့ ကျွန်မ super marketတစ်ခုမှာ မေမေမှာလိုက်တဲ့ပစ္စည်းတွေဝယ်ခြမ်းပြီးကားနောက်ခန်းထဲနေရာချကာကားရှေ့ခန်းထဲပြန်ဝင်ပြီးစက်နှိုးမလို့ရှိသေးတယ် လှစ်ခနဲလူရိပ်တစ်ခုကကားတံခါးကိုဆွဲဖွင့်ပြီးကျွန်မဘေးကထိုင်ခုံမှာဝင်ထိုင်လိုက်တယ်.. ။
" Noonaမြန်မြန်မောင်းပါ..နောက်မှာလူဆိုးတွေလိုက်လာတယ်.. "
ဟင် .. သူ့ကြည့်တော့လဲမိန်းကလေးပါ..
ဘယ့်နှယ့်ကြောင့်ကျွန်မကိုnoonaလို့ခေါ်တာလဲအသားကဖြူစွတ်နေပြီး ကလေးလိုမျက်နှာလေးကချွေးတွေအရွှဲသားနဲ့တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံလေး တကယ့်ကိုသနားစရာပါ.. ။(Noona = မမ )
" Noona .. မြန်မြန် .. "
ဟော..ထပ်ခေါ်ပြန်ပြီ..သူ့ကိုကြောင်ကြည့်နေတဲ့ကျွန်မလက်မောင်းကိုဆွဲကိုင်လှုပ်ကာထပ်ပြောတေ့ာ ကျွန်မလဲဘာမှထပ်စဉ်းစားမနေတော့ပဲကားကိုစက်နှိုးပြီးထွက်လိုက်တယ်... ။
ကျွန်မမောင်းထွက်လာပြီး နောက်ကြည့်မှန်ကနေကြည့်လိုက်တော့မှ အိုးမို !! လိုက်လာတဲ့သူတွေကဆေးရုံဝန်ထမ်းအဝတ်အစားတွေနဲ့ပါလား..
အဲ့တော့မှကျွန်မဘေးကကောင်မလေးကိုကြည့်
မိတော့သူကလူနာအဝတ်အစားပေါ်မှာအနွေးထည်ပါးပါးတစ်ထည်ထပ်ဝတ်ထားတာပဲ..
YOU ARE READING
လီလီ
Fanfictionသူကျွန်မရဲ့ဘဝထဲကိုရုတ်တရက်အကြောင်းမကြားပဲဝင်ရောက်လာခဲ့တယ်.. ။ သူ့ကြောင့်ပဲကျွန်မချစ်တတ်လာခဲ့တယ်.. ။ ကျွန်မကိုချစ်တတ်အောင်သင်ပေးခဲ့တဲ့သူကတစ်နေ့မှာတော့ကျွန်မဘဝထဲကပြန်ထွက်သွားခဲ့တယ်လေ... ။ တို့ မင်းကိုလွမ်းတဲ့စိတ်နဲ့သေနိုင်တယ...