Final

2.2K 173 11
                                    


သူနဲ့ကျွန်​မချစ်​သူ​တွေဖြစ်​ကြတဲ့​နေ့ကိုလဲအခုထိမှတ်​မိ​နေ​ပါသေးတယ်​.. ။

အဲ့ဒီ​နေ့ကလီလီ့ရဲ့​ရီမုနဲ့​မောင်းတဲ့​လေယာဉ်​ပျံ​လေးက ခြံထဲကသစ်​ပင်​​ပေါ်မှာငြိပြီးတင်​နေလို့ကျွန်​မတက်​ယူရင်းရုတ်​တရက်​ခြေ​ချော်​ပြီးပြုတ်​ကျခဲ့တာ။

လီလီကသူ့ဘာသူတက်​ယူမလို့လုပ်​နေတာပေမယ့်ကျွန်​မကခွင့်​မပြုနိုင်​ပါဘူး..မ​တော်​လို့ပြုတ်​ကျပြီးတစ်​ခုခုဖြစ်​ရင်​ကျွန်​မပဲရင်​ကျိုးရမှာ..။အခု​တော့ကျွန်​မပြုတ်​ကျပြီ..။ဒါ​ပေမယ့်​ကိစ္စမရှိပါဘူးကျွန်​မက​လေး​လေးဘာမှမဖြစ်​ရင်​ပြီးရော။

အမြင့်​ပိုင်းမဟုတ်​တော့တင်​ပါးနဲနဲနာသွားရုံကလွဲပြီးဘာမှမဖြစ်​ပေမယ့်​သူက​တော့သူ့​ကြောင့်​ဖြစ်​ရတာဆိုပီးရှိုက်​ကြီးတငင်​ငို​လေရဲ့....။

ပြုတ်​ကျတာကကျွန်​မပါ..ကျွန်​မသူ့မျက်​ရည်​တွေကိုသုတ်​​ပေးရင်းဘယ်​လို​ချော့​ချော့မရပဲငို​ကြောရှည်​နေတဲ့က​လေးစုတ်​ကိုအသည်းယားစွာနူတ်​ခမ်း​လေးကိုဖိကပ်​နမ်းရှိုက်​လိုက်​မိတယ်​..။

ဦး​နှောက်​ကမလုပ်​သင့်​ဘူးဆိုတာကိုအချက်​ပေး​နေ​ပေမယ့်​နောက်​ကျသွားခဲ့ပြီ..နူးညံ့ချိုမြိန်​လွန်းတဲ့အနမ်းမှာရပ်​တန့်​မရနိုင်​ဖြစ်​နေစဉ်​သူ့ဘက်​ကလဲအတန်​ငယ်​ပြန်​တုံ့ပြန်​လာ​တော့ရပ်​တန့်​ဖို့ဆိုတာကိုမစဉ်းစားမိ​တော့ပါ ။

(​စောက်​ခ​လေးကဒါကျသိတယ်​..)

အသက်​ရှူမဝဖြစ်​လာ၍လူချင်းခွာလိုက်​တော့မှသူကရှက်​ရွံ့စွာ​ခေါင်းငုံ့သွား​လေသည်​ ။ ပထမဆုံးကျွန်​မမြင်​ရတဲ့သူ့ရဲ့နီရဲ​နေတဲ့မျက်​နှာ​လေး..သိပ်​ချစ်​ဖို့​ကောင်းတာပဲ..စိုစွတ်​နေတဲ့ပန်းနု​ရော​င်​နူတ်​ခမ်း​လေးကိုလဲမသိမသာကိုက်​ထား​သေးတယ် ။
ကျွန်​မကသူ့ကိုပြုံးပြီးကြည့်​နေ​တော့

" အဲ့..အဲ့လိုမျိုးက..ဟို..ချစ်​သူ​တွေမှနမ်းတာမဟုတ်​လားဟင်​.. "

(လီလီလေးကအင်​နိုးစင့်😄)

သူ့အသံတိုးတိုး​လေးထွက်​လာ​တော့ကျွန်​မသွား​တွေ​ပေါ်​အောင်​ပြုံးမိတယ်​..အခါတိုင်းတစ်​အိမ်​လုံးကြား​အောင်​အော်​နိုင်​တဲ့သူကအခုကျ​တော့သူ့စကားသံကိုမနည်းနား​ထောင်​နေရတယ်​လေ..။

လီလီWhere stories live. Discover now