5

22.1K 1.6K 40
                                    

Zawgyi

မှန်ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ နေခြည်နုနုက ရှောင်းကျန့်ရဲ့ မျက်နှာ ဖြူဖြူလေးကို တိုက်ရိုက်လာထိတာကြောင့် မျက်မှုန်ကုတ်လိုက်မိသည်။

မျက်လုံးတွေ မဖွင့်သေးပါဘဲ ရှောင်းကျန့် လက်တွေက ဘေးတစ်နေရာကို လိုက်စမ်းကြည့်တော့ ဗလာသတ်သတ်။

လက်နှစ်ဖက်ကို မြှောက်ကာ အပျင်းကြောဆန့်ထုတ်တော့ တစ်ခုခုနဲ့ တိုက်မိသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်တော့
ညာဘက်လက်နဲ့ သူစမ်းကြည့်တုန်းက မရှိတဲ့ ရီပေါ်က ဘယ်ဘက်မှာ ထိုင်ကာ သူ့ကို ပြုံးပြီးကြည့်နေသည်။

ရီပေါ့်ကို မြင်တိုင်း ချွဲချင်နေတဲ့ ရှောင်းကျန့်က စောင်ကိုခေါင်းမြှီးခြုံပြီး ယုန်ကလေးလို ပြန်ဝပ်နေလိုက်သည်။

"ဟမ်း..ကလေးတစ်ယောက် ခုထိ မနိုးသေးဘူးဘဲကို"

ရီပေါ်က စောင်ပုံထဲမှာ ဝပ်နေတဲ့ ရှောင်းကျန့်နားနားလေးကပ်ပြီး တိုးတိုးလေး ပြောသည်။

"ရော် တကယ်ကြီး မနိုးသေးတာလား ! ထားပါလေ ဒီနေ့ အပြင်သွားရင် ကောင်းမလားလို့ ပြောမလို့ဟာကို မနိုးသေးရင်လဲ ကျန်ခဲ့တော့ "

ရီပေါ်က ကုတင်ပေါ်ကဆင်းတော့ ဝပ်နေတဲ့ ရှောင်းကျန့်က အသံဆာဆာလေးနဲ့ အော်သည်။

"နိုးပြီ!"

ရီပေါ် လှည့်မကြည့်ဘဲ ရှေ့ဆက်သွားဖို့ပြင်တော့ ခါးကို လာရစ်သွယ်တဲ့ လက်တစ်စုံ ။ သူ့ရဲ့ ကျောပြင်ပေါ် ဟိုလှိမ့်သည်လှိမ့် လုပ်နေတဲ့ ရှောင်းကျန့်ရဲ့ ဆံပင်စုပ်ဖွာနေတဲ့ ဦးခေါင်းလေး ။

"နိုးပါပြီဆို!"

ချွဲနွဲ့ပြီး ကလေးလုပ်နေတဲ့ ရှောင်းကျန့်ကို ကောက်ပွေ့ကာရေချိုးခန်းထဲသို့ ပို့ရသည်။

ခေါ်တုန်းက သူ့ဝေယာဝိစ္စလုပ်ပေးမဲ့သူ ၊ အခုဖြစ်နေတာက သူကသာ ကလေးထိန်းဖြစ်နေတာ ။

ရှောင်ရှောင်းကျန့် ရဲ့ ကောင်းမှု!!!

-------

ဟူဒီ အဖြူလေးဝတ်ကာ ဂျင်းပြာလေးနဲ့ ကားပေါ်ကို တလှုပ်လှုပ်တက်လာတဲ့ ရှောင်းကျန့်က ရီပေါ့်ရဲ့ အသဲအသက်။

SWEET AND SEX ( completed )Where stories live. Discover now