26

10.8K 1K 185
                                    

Zawgyi

8နှစ်တာ ကြာလာတဲ့အခါ အသက် 22နှစ် အရွယ် ရီပေါ် နဲ့ ရှောင်းကျန့်ဟာ အသက်30ဆိုတဲ့ လူကြီးလေးတွေ ဖြစ်လို့ ။ 12 နှစ်သား ရုန်းဇီဟာ အသက် 20 ဖြစ်ပြီး လူပျိုလေး ဖြစ်ကုန်ပြီ ။

"ရုန်းဇီ ဘယ်သွားမလို့လဲ?"

"သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့ "

ရှောင်းကျန့် မေးတဲ့စကားကို ဖိနပ်ကြိုးချည်ရင်း ဖြေနေတဲ့ ရုန်းဇီနားကို သွားကာ ရုန်းဇီရဲ့ ကျောပိုးအိတ်ကို မှောက်ချလိုက်သည် ။

"ဒါဘာတွေလဲ? "

စာအုပ်တွေနဲ့ အတူ ပြန့်ကြဲနေတဲ့ ဆေးလိပ်ဘူးကို ရုန်းဇီက တစ်ချက်စွေကြည့်ကာ ဘာမှပြန်မပြော ။

"ငါမေးနေတယ်လေ "

"အလှလေး ဆူချင်ရင်လဲ ပြန်လာမှ ဆူတော့ဗျာ ကျွန်တော် နောက်ကျနေပြီ "

ပြောရင်းထွက်သွားတဲ့ ရုန်းဇီက ရှောင်းကျန့် သိတဲ့ ချစ်စရာ ကလေးလေး မဟုတ်တော့ဘဲ ဂျစ်တူးလေး ဖြစ်ကုန်ပြီ ။ အရင်က သားသားဆိုပြီး ချွဲတတ်တဲ့ ကလေးက အခုတော့ ကျွန်တော်ဆိုတဲ့ နာမ်စားတွေ ပြောင်းကုန်ပြီ ။

ငယ်ငယ်က တုတ်ထိုးသကြားလုံးတွေ ငုံထားတဲ့ ပါးစပ်လေးမှာ အခုတော့ ဆေးလိပ်တွေက နေရာယူတတ်လာပြီ။

သူ့ကိုချစ်တယ်လို့ တဖွဖွပြောနေခဲ့တဲ့ ကလေးက အခုတော့ သူ့ကို ရှောင်နေတတ်တယ် ။ စကားတောင် ကောင်းကောင်း ပြောဖော်မရတော့ ။ ရှောင်းကျန့် ဒီအခြေနေကို မလိုချင် ။ အမှန်ဆို ရုန်းဇီဟာ ငယ်ငယ်လေးထဲက သူ့လက်ထဲ ကြီးပြင်းလာခဲ့တဲ့ ကလေး သူ့သားလို ချစ်ရတဲ့ ကလေး ။ အဲ့ကလေး ပျက်စီးပြီး လမ်းမှား ရောက်နေမှာကိုတော့ သူမလိုချင်ပါ ။

ရီပေါ်က ဘာမှမပြောပေမဲ့ ရုန်းဇီလုပ်နေတာတွေ အကုန်သိသည် ။ ရုန်းဇီကို တိုက်ရိုက်မပြောပါဘဲ ရှောင်းကျန့်ကိုဘဲ တီးတိုးပြောခိုင်းသည် ။ ဘယ်သူကများ ကိုယ့်အရိပ်ထဲ
နေလာတဲ့ ကလေးကို သံယောဇဉ် မရှိ မချစ်ပါနေပါ့မလဲ ။

----------

ရီပေါ် ကြိုက်တဲ့ ဟင်းချက်ထားတာကြောင့် ရှောင်းကျန့်ဟာ ရုံးကို ထမင်းဘူး ယူလာကာ တူတူစားရန် စိတ်ကူးပြီး ထွက်လာခဲ့သည် ။

SWEET AND SEX ( completed )Where stories live. Discover now