𝙶𝚘 𝙰𝚠𝚊𝚢 𝙵𝚛𝚘𝚖 𝙼𝚎 𝙹𝚎𝚘𝚗 𝙵𝚞𝚌𝚔𝚒𝚗𝚐 𝙹𝚞𝚗𝚐𝙶𝚞𝚔!

4.5K 461 57
                                    

(Zawgyi)

JungGuk ကျောင်းရှေ့က Bus ကားဂိတ်ကိုရောက်သွားချိန်မှာတော့ ရဲကားတွေနဲ့ ဆေးရုံကားတစ်စီးကိုမြင်လိုက်ရတာမို့ စိုးရိမ်လွန်ပြီး လူအုပ်ကြားထဲကနေတိုးပြီးကြည့်လိုက်တော့ ဆေးရုံကားပေါ်ကို ပိတ်စအဖြူဖြင့် အုပ်ထားသော လူနားအားတင်နေတာကိုတွေ့လိုက်ရသဖြင့် ခေါင်းထဲမှာပူထူသွားပြီး ထိုဆေးရုံကားအနားကိုပြေးကြည့်မိလိုက်သည်။

" ကျောင်းသားတစ်ယောက်တဲ့ လမ်းဖြတ်ကူးရင်း ကားတိုက်ခံလိုက်ရတာတဲ့... ငယ်ငယ်ရွယ်ရွယ်နဲ့ သနားပါတယ်''

အနောက်ကလူအုပ်ထံမှကြားလိုက်ရတဲ့ အသံကြောင့် ခေါင်းပေါ်ကိုမိုးကြိုးတစ်ရာလောက်ဆင့်ပစ်တာကို ခံလိုက်ရသလိုဖြစ်သွားသည်။

လူနာတင်ထမ်းစင်ကနေ ထွက်နေတဲ့ လက်ကအင်္ကျီအရောင်က မီးခိုးရောင်ကိုမြင်လိုက်ရချိန်မှာ ပိုဆိုးသွာသည်။

ဘာလို့လဲဆို ဒီနေ့ Tae Babeလေးက မီးခိုးရောင် Hoodieလေးဝတ်ထားတာလေ။

Taeဖုန်းဆက်ပြီးပြောတယ်လေ သူ့နောက်ကနေလူသတ်သမားလိုက်လို့ဆိုတာ အဲ့လူကိုပြေးရင်းနဲ့ တိုက်မိတာများ။ဟာ...ကွာ...။

မျက်ရည်တွေပါကျလာမိပြီး တောင့်တောင့်ကြီး လူနာတင်ယဉ်နားမှာ ရပ်မိနေတုန်း...။

" JungGuk...''

စိတ်က ကယောက်ဂရက်ဖြစ်ပြီး အသံတွေပါကြားနေရတာလားကွာ...။
ငါသာ သောက်ရေးမပါတဲ့ အစည်းဝေးကိုမသွားမိရင် Babeဒီလိုဖြစ်မှာမဟုတ်...။

" Jeon JungGuk!''

ဆူညံနေတဲ့ပတ်ဝန်းကျင်ကနေ သေသေချာချာပြတ်ပြတ်သားသားကြီး ထပ်ကြားလိုက်ရတဲ့အသံကြောင့် ဘေးဘီရာလှည့်ကြည့်လိုက်တော့ လူအုပ်တွေရဲ့ အနောက်ဘက်ကနေ လက်လှမ်းပြနေတဲ့ Tae Babeလေး..။

" Babe...!''

လူအုပ်ကြားထဲ အတင်းပြန်တိုးဝင်ကာ ထိုလူအုပ်ရဲ့အနောက်မှာတွေ့နေရတဲ့ အကောင်ငယ်လေးဆီပြေးသွားမိသည်။
Tae Babeလေးအနားကိုရောက်တာနဲ့
ကိုယ်သေးသေးလေးကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။
သူထာဝရဆုံးရုံးလိုက်ရပြီလို့ ထင်နေတာလေ။

𝙱𝚢𝚞𝚗𝚝𝚊𝚎 𝙹𝙴𝙾𝙽( Completed )Where stories live. Discover now