𝙱𝚈𝚄𝙽𝚃𝙰𝙴 𝙹𝙴𝙾𝙽!!!

5.8K 430 23
                                    

(Zawgyi)

သူတို့နှစ်ယောက်ရဲ့ နှစ်သက်စရာအကောင်းဆုံး လက်ထပ်ပွဲကို ကမ်းခြေမှာဘဲ ခမ်းခမ်းနားနားလေး လုပ်ဖြစ်ခဲ့တာကြောင့် Jimin တို့ Yoongi ရယ် သူငယ်ချင်းတွေရယ်က ဒီကို ရုတ်တရက်ကြီးလိုက်လာရတော့ အပစ်တောင် တင်ခံရသေးတယ်။

အထူးသဖြင့် ပဲပိနေတဲ့ Jimin ကပိုပြောလွန်းသည်။ သူ ပေါင်းမတင်ရကြောင်း အဝတ်စားတောင်သေချာမရွေးရကြောင်းနဲ့ အမျိုးစုံအပစ်တင်နေတာ မပြီးနိုင်။

Papa နဲ့ Daddy တို့ကတော့ ဘယ်တုန်းထဲက သဘောတူနေကြလဲမသိ လပ်ထပ်ခွင့်တောင်းတဲ့အကြောင်းပြောပြီးတာနဲ့ ချက်ချင်းကြီးတွေ မင်္ဂလာဆောင်ခိုင်းတာဘဲ။
အဲ့ဒါလဲတစ်ခုကောင်းသွားတာပေါ့ လပ်ထပ်ရမှာချင်းအတူတူ အချိန်မကြာတော့ဘူးပေါ့။

" Taehyungရေ ပွဲစတော့မယ်နော် ငါသွားနှင့်ပြီ''

တံခါးခေါက်ပြီးအသိပေးလာတဲ့ Jiminကြောင့် မှန်ထဲမှာကိုယ်ကိုကိုယ်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ခုံပေါ်မှ ပန်းစည်းကိုယူပြီး ပွဲစီစဉ်ထားတဲ့ ကမ်းခြေဖက်ကိုထွက်လာလိုက်တော့။

ပန်းတွေထပ် ပိတ်စအဖြူတွေကို အများဆုံးသုံးထားတဲ့ သူတို့မင်္ဂလာပွဲလေး လျှောက်လမ်းရဲ့ဘေးမှာထိုင်နေကြတဲ့ သူတို့ကိုဂုဏ်ပြုပေးကြတဲ့သူတွေရယ်နဲ့ လျှောက်လမ်းရဲ့အဆုံးမှာ ရပ်စောင့်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့လိုက်ဖက်လွန်းတဲ့ JungGuk ကြီး။
လမ်းတစ်လှမ်းချင်းစီလျှောက်တိုင်း စိတ်လှုပ်ရှားမှုတွေလဲ လျော့သွားရင်း ရင်ခုံသံတွေလဲပိုပြီးပြီပြင်လားရင်း အပျော်တွေလဲတိုးပြီးရင်းတိုးရင်းပေါ့။

JungGukမယုံကြည့်နိုင်သေးပါ မျက်စိရှေ့မှာတစ်လှမ်းခြင်းသူ့ရှေ့ကိုလျှောက်လာတဲ့ Taehyung ကိုသူပိုင်ဆိုင်ရတော့မယ်လို့။
စတွေတဲ့ အချိန်မှာထဲက ချစ်မိသွားခဲ့တဲ့ အကောင်ပေါက်အပေါ် ထားခဲ့တဲ့သူရဲ့ခံစားချက်တွေက အမြဲလေးနက်ခဲ့ပြီး နောက်လာမဲ့အနာဂတ်မှာလဲ ဒီချစ်ရတဲ့လူသားလေးကို ကာကွယ်ပေးရင်း ပိုချစ်သွားပါ့မယ်ဆိုတာကို စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ ကတိတွေပေးရင်း။

သင်းအုပ်ဆရာရဲ့ရှေ့မှာ နှစ်ယောက်လုံးရပ်လိုက်ရင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြည့်နူးစွာပြုံးနေရင်း။
JungGuk မှစကာ Taehyung ရဲ့ မျက်နှာချောချောလေးအားကြည့်ကာ။

𝙱𝚢𝚞𝚗𝚝𝚊𝚎 𝙹𝙴𝙾𝙽( Completed )Where stories live. Discover now