ZAWGYI
အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရိုးမရှိခဲ့သည်မှန်က ချစ်ရသူ နှစ်ယောက်အဖို့ ထိုအတားအဆီးအခက်အခဲအားအတူတကွ လက်တွဲကာ ရင်ဆိုင်ကျော်ဖြတ်ကြရပါမည်လေ။သို့မှသာလျှင် မုန်တိုင်းပြီးကလေပြည်လာစမြဲဟူပါသည့် စကားပုံအတိုင်းပင် အဆုံးသတ်လှပသော ဇာတ်သိမ်းဖြစ်လာမည်မဟုတ်ပါလား။အကယ်၍ တစ်စုံတစ်ဦးသည်သာ လမ်းတ၀က်အရောက်တွင် ပင်ပန်းလွန်းသည့်အတွက်ဆက်မလျှောက်နိုင်တော့ပါဟုဆို၍ လက်တွဲဖြုတ်ခဲ့လျှင်သေချာပါသည်။ထိုဇာတ်သိမ်းသည်ကား အဆုံးသတ်လှလိမ့်မည်မဟုတ်ချေ။နာကျင်ဖွယ်ရာ သို့မဟုတ် လွမ်းဆွေးဖွယ်ရာ ဇာတ်သိမ်းအဖြစ်နှင့်သာ အဆုံးသွားနိုင်အံ့။
ဤသည်နှင့်အလားသဏ္ဍာန်တူစွာပင် သက်ဆိုင်နေပါသည့်သူ နှစ်ဦးအနက်တစ်ဦးဖြစ်သော Taehyungသည် ကစားပွဲမှ နှုတ်ထွက်ကာအရှုံးပေးလိုက်ပါပြီ။ဤသို့ဖြစ်ရခြင်းသည်လည်း မိမိဖြစ်ဘက်မှစကာတွန်းအားပေးခဲ့ခြင်းဖြစ်၍ Jungkook မည်သူ့ကိုမှအပြစ်မတင်လိုပါချေ။အကယ်၍ အပြစ်တင်၍သာ ရခဲ့မည်ဆိုပါကမိမိ၏ဆိုးရွားလှသောကံကြမ္မာကိုသာ သူသည် အပြစ်တင်မိမည်ထင်ပါ၏။အကြောင်းရင်းအမျိုးမျိုးတို့ကြောင့် Taehyungအားသူ့ဘေးတွင်ထားခွင့်မရှိ။ချစ်ခွင့်မရှိတော့။ ဤအတွက် နာကျင်နေသောမိမိနှလုံးသားလေးအား လျစ်လျူ ရှု၍ အဝေးသို့တွန်းပို့ခဲ့ခြင်းပါ။ယခုဆိုလျှင် သူ့hyungသည် သူ့အား အမုန်းကြီးမုန်းသွားလောက်ပါပြီ။ပူလောင်ကာနာကျင် နေပါသော မိမိ၏နှလုံးသားသည်လည်းခံစား၍မသက်သာပေ။ထို့ကြောင့်ရေများတသွင်သွင်ကျဆင်းနေသောရေပန်းအောက်
အေးစက်နေသောကြွေသားကြမ်းပြင်ထက် ဒူးထောက်ထိုင်၍ အပူမီးတို့ကိုငြှိမ်းသတ်သော်လည်း တစိုးတစိပင်လျော့မသွား။ထို့အပြင် သူ၏မျက်ဝန်းအိမ်မှ သက်ဆင်းလာသည့် ပူနွေးနွေး အရည်ပူတို့ကပါ ရေအေးတို့နှင့်အတူရောယှက်ကာ ကြမ်းပြင် တစ်လျှောက်စီးဆင်းသွားသည့်အဖြစ်နှင့်သာ ကြုံရပြန်သည်။"Jungkook!!!"
ထိုစဉ်သူကြားလိုက်ရသောခပ်သြသြအသံငယ်လေး။သူမှန်း၍ မမှားပါကသေချာပါ၏။ထိုအသံလေးသည် မိမိ နှလုံးသားအား စတွေ့စဉ်အချိန်ကတည်းမှစကာ အပိုင်သိမ်းယူသွားခဲ့ပါသော သူ၏အစ်ကိုငယ်လေး Kim Taehyungရယ်သာလေ။

YOU ARE READING
Fate Or Fake? (Complete)
FanfictionWhich started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not,...? Written By W