သူ💙

7 0 0
                                    

သူပြန်မချစ်ပေမယ့်.... ဒီပုံစံလေးကိုသဘောကျတယ်။ ကိုယ်ချစ်တာကိုသူသိသွားတယ်လေ။ အစကတည်းက ပြန်ချစ်လာဖို့ဆိုတဲ့ရည်ရွယ်ချက်မှမဟုတ်ခဲ့တာ။

ခင်မင်တဲ့သူတွေအဖြစ်နဲ့ပဲ သူနဲ့ဆက်ရှိနေခဲ့တယ်။ သူ့အကြောင်းတွေကိုသိချင်ရင် သူ့ကိုပဲတိုက်ရိုက်မေးတယ်။ သူကလည်းပြောပြရှာပါတယ်။ တစ်ခါတစ်လေတော့ သိသိသာသာစကားလမ်းကြောင်းလွှဲတယ် ။ ကိုယ်ကလည်းအလိုက်သိရတာပေါ့။

သူက မိုးတွေလေတွေကို ချစ်တယ်။

သူက အပြာရောင်နဲ့အနက်ရောင်ကို ကြိုက်တယ်။

သူက ခွေးလေးကြောင်လေးတွေကို ချစ်တယ်။

သူက pop songs တွေကြိုက်တယ်။

သူက International songsတွေကို ပိုကြိုက်တယ်။

သူက Crushခံလူတန်းစားဖြစ်ချင်တာ။(haha)

သူကချိန်ပါလို့ပြောပြဖူးတယ်😅 (ငါပဲချိန်မယ်)

သူကဆံပင်ရှည်ထားရတာ ကြိုက်တယ်လို့ထင်ခဲ့တာ။(အမှန်တော့ ဆိုင်သွားညှပ်ဖို့ပျင်းနေရင်းကစည်းလို့မှီတဲ့အနေထားထိ ရှည်သွားတာ😄ငပျင်းကောင်🙄)

သူက Energy Drink တွေသောက်တတ်တယ်။

သူကညနက်မှအိပ်တတ်တယ်။(ML ကောင်းကျိုးတွေ ငါ့Angelလေး အရိုးပဲကျန်တော့တယ်)

သူကအစာစားချိန်ကိုအလေးမထားဘူး။အစာကိုအချိန်မှန်စားရမယ်လို့ သု့အဖေကပြောဖူးတယ်တဲ့။ကိုယ့်ကိုအစာမှန်မှန်စားဖို့ဆုံးမတုန်းကပေါ့ ၊ သူကျတော့ အချိန်မမှန်ပဲနဲ့😒)

သူကလူတိုင်းနဲ့တည့်အောင်ပေါင်းတတ်တယ်။
အပြုံးချိုချိုလေးနဲ့သူ့ကို လူတိုင်းကချစ်ခင်ကြတာကိုး။

Angel လို့ခေါ်ရင် ဗျာလို့ထူးတယ် ။ (အသည်းယားလိုက်တာဟာ>_< )

စိတ်ကောင်းဝင်နေရင် Replyမြန်ပြီး စိတ်ပုပ်ရင် replyမလာတော့ဘူး ။

ချစ်ရတာပင်ပန်းပေမယ့် ကျွန်တော့်အချစ်ကခင်ဗျားဆိုတော့လည်း တန်လိုက်တာ ။

White AngelWhere stories live. Discover now