ချစ်မိတော့💙

11 0 0
                                    

ကိုယ်က လှဖို့မပြောနဲ့ ကြည့်ကောင်းတယ်ဆိုရုံပဲရှိတာ ...  ဒီတော့ ကိုယ်သူ့ကိုချစ်မိလို့ ပထမဆုံးအကြိမ် အားနာမိတယ်  .....

ကိုယ်က ကြည့်ကောင်းရုံဆိုပေမယ့် မျက်နှာကတော်တော်မာတယ် .... တည်တည်နေရင် စိတ်ဆိုးနေတဲ့ရုပ်မျိုး ...တစ်ခုခုကိုအလိုမကျသလို ကိုယ်တောင်မသိပဲ မျက်မှောင်ကြီးကို ကျုံ့ထားမိတာ ....
နောက်ပြီး ကိုယ့်အကြည့်က အညိုးအတေးရှိတဲ့အကြည့်မျိုး ..... တစ်နည်းပြောရရင် လူမိုက်အကြည့်မျိုးပေါ့ .....

နောက်ပြီး ကိုယ်က ဒီရုပ်ရည်အပေါ် ဘယ်တုန်းကမှ မကျေနပ်တာမျိုးမရှိခဲ့ဘူး .....တစ်ခါတစ်လေ ကောင်လေးတွေပါးစပ်သရမ်းရင် ကိုယ်တစ်ချက်ကြည့်လိုက်တာနဲ့ တိတ်သွားတာမျိုး  .....

လူလည်းရှိန်တယ်  .... ကိုယ်သဘောကျတယ် ဒီရုပ်ရည်ကို  .....

ဒါပေမယ့်  .....

ကိုယ်သူ့ကိုချစ်မိပြီးနောက်ပိုင်း ကိုယ်လှချင်လာတယ်
သူ့ချစ်သူမဟုတ်ရင်တောင် သူ့ကိုသဘောကျတဲ့ မိန်းကလေးက လှပတဲ့သူမျိုး ဖြစ်စေချင်တယ်။

2019 ဖေဖော်ဝါရီ ၁၃ မှာ သူက ကိုယ့်ရဲ့Angelဖြစ်ကြောင်း အသိပေးခဲ့တယ် ...... ။

အမှန်ကတော့ Valentine မှပြောဖို့ပါ။ သူကဆိုင်ထိုင်ရတာဆိုတော့ အဲ့နေ့မှာမရှိရင်ဆိုပြီး သူရှိတဲ့၁၃ရက်နေ့ညမှာ ချောကလက်နဲ့ ကြယ်စာလေးတွေပေးခဲ့တာ ။

ကိုယ်လည်းအဲ့လောက်သတ္တိမရှိဘူး ။ သူငယ်ချင်းတွေမြှေက်ပေးတာ🤣။ သူတို့ကပြောတယ် ''သူနင့်ကိုပြန်မချစ်လည်း နင်ချစ်နေတာကို သူသိသွားတာနဲ့တင် မြတ်တယ်"တဲ့

စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ မတော်တဆ လမ်းမှာတွေ့ရင် ဒီကောင်မလေးကိုဘယ်မှာတွေ့ဖူးတာပါလိမ့်ဆိုတာထက် ။ သြော် ဒါ ငါ့ကိုကြိုက်နေတဲ့ကောင်မလေး ဆိုတာက သူ့အသိစိတ်ထဲကိုယ်ပိုရောက်တာပေါ့။

နောက်ပြီးသူငယ်ချင်းတွေကပြောသေးတယ်။
"Valentine ဆိုတာ ရည်းစားတွေမှချောကလက်ပေးရတာမဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူဆိုရင် ပေးလို့ရတယ်။ နင်မတွေ့ဘူးလား သူငယ်ချင်းတွေလည်းပေးကြတာပဲလေ '' တဲ့....

White AngelWhere stories live. Discover now