(Unicode)
“ဒီး ဒီး ဒီး !!!”
အိပ်ကပ်ထဲမှဖုန်းရဲ့တုန်ခါမှုက အရက်ကြောင့် ပါးနှစ်ဖက်နီရဲနေကာ ကုန်နေပြီဖြစ်တဲ့ ကြက်ခြေထောက် ပန်းကန်းကို လှမ်းလှမ်းခတ်ပြီး ဘာမှမပါဘဲ လေကိုသာယူယူစားနေသော Jin ကို အသည်းယားစွာ စိုက်ကြည့်နေသော Namjoon ရဲ့ အာရုံတို့ကို ဆွဲယူသွားသည်။ အလိုမကျခြင်းနဲ့အတူ ကုတ်ချိုးသွားသော မျက်ခုံးတို့နဲ့ စိတ်ရှုပ်စွာကြည့်လိုက်တော့ Contact က Min Joon ဟုပြနေတာကြောင့် နေရာမှထကာ ခပ်လှမ်းလှမ်းကိုလျှောက်သွားရင်း Accept ကို နှိပ်လိုက်သည်။ လုပ်ဖော်ကိုင်ဖက်ချင်းမို့ ရင်းနှီးပေမဲ့ အလုပ်ကိစ္စ မှလွဲလျှင် အဆက်သွယ် မလုပ်တတ်သော Min Joon ရဲ့ ဖုန်းမို့ ချပစ်လို့မရပါ။
“အေး Min Joon ပြော”
“ပြောရရင် Case P4579h ပျောက်နေတယ်”
အမြဲတမ်းတဲ့တိုးပြောတတ်တဲ့ ထိုသူငယ်ချင်းရဲ့ ရှင်းရှင်းလင်းလင်းစကားကြီးက Namjoon နားထဲမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ ရဲတစ်ယောက်လုပ်နေပြီး တရားခံလွတ်တာကို ဘာလို့ဒီလိုဖြစ်ရလဲ ဆိုတော့ ထိုသူက ကိုယ့်ရဲ့ အပြင်ဘက်က နှလုံးသားကို စိတ်ဆင်းရဲစေတဲ့အကြောင်းရင်း မို့ပါပဲ။ ချစ်မိရင် ကိုယ့်ချစ်သူမျက်နှာညိုးမှာ တောင် မကြည့်ရက်တာမို့…..
“ဘယ်အချိန်လောက်ကလဲ”
“ငါတို့ CCTV မှတ်တမ်းတွေအရတော့ ဒီမနတ် ၁၀နာရီမှာပဲ လုံခြုံရေးအပြောင်းမှာ လှည့်ထွက်သွားတာ ငါတို့ဘက်က လစ်ဟာမှုအချို့လည်းပါတယ်”
“မင်းတို့ရော ဘယ်အချိန်လောက်မှသိတာလဲ”
“အခုပဲ……သူကလူရှောင်တယ် ငါတို့လည်း ငါတို့ရဲ့ ကုသမှုလိုအပ်ချက်အရ သူ့ဆီတော်ရုံ မသွားဘူး တစ်ပတ် တစ်ခါလောက်ပဲ စစ်ဆေးတာနဲ့ အစားသောက်ဖြည့်ပေးတာလုပ်ပေးတာ …..အခုတောင် ငါစိတ်ထဲ သွားကြည့်ဖို့ဖြစ်လို့ သွားကြည့်လိုက်တာ …..အခန်းမှာ မရှိတော့လို့ မှတ်တမ်းတွေလိုက်ပြီး မင်းဆီဖုန်းဆက်လိုက်တာ…..Namjoon Yar ငါတစ်ခါမှ မင်းဆီကအကူညီမတောင်းဖူးပါဘူး အခုက ငါတို့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရတာဆိုတော့ ဒီသတင်းသာ အပြင်ထွက်သွားရင် ငါရော ငါ့အောက်ကလူတွေပါ အလုပ် ပြုတ်မှာ အဲ့ဒါကြောင့် မင်းကိုယ်တိုင်ပဲ ပြန်ရှာပေးဖို့အဆင်ပြေနိုင်မလား လူအင်အားကို ငါ့ဘက်ကဖြည့်ပေးမယ် မင်းကဉီးဆောင်ပေးပါ…..”
