P-15(Uni)

68 14 0
                                    

*ဆရာမကြီးကိုဘယ်တစ်စုံတစ်ဦးကကူညီပေးနိုင်
မှာလဲ*

yoongi နဲ့ jungkook တို့ဆရာမကြီးပြောတဲ့
ကူညီနိုင်မယ့်တစ်စုံတစ်ဦးကဘယ်သူများလဲဆိုတာ
စင်းစားနေကြသည်။

"သူကတော့လူမဟုပ်ဘူးငါတို့ကိုကူညီပေးနိုင်မဲ့
တစ်စုံတစ်ဦးဆိုတာအဲ့ဒီသမုဒ္ဒရာထဲမှာနေတဲ့
မကောင်းဆိုးဝါးတစ်ကောင်ပဲသူ့ရဲ့အနုမြူ
ဓာတ်လုံးကိုယူနိုင်မှမင်းတို့ကောင်လေးတွေကို
ပြန်ကယ်နိုင်လိမ့်မယ်ဘယ်လိုလဲစွန့်စားရမှာနော့်"

နတ်ဆရာမကြီးရဲ့အပြောကြောင့်နှစ်ယောက်သား
မျက်လုံးပြူးမျက်ဆံပြူးနဲ့ကြောင်တောင်တောင်ဖြစ်
နေကြသည်။

*ဟိုက်...ငါးမန်းမတွေနဲ့တောင်ရင်မဆိုင်ရသေးဘူး
ခုတစ်ခါကဘာလဲမကောင်းဆိုးဝါးကြီးကိုအရင်ရင်ဆိုင်
ရမှာလားဟ*

ထိုစဉ် yoongi က

"ဟုပ်တယ် ကျွန်တော်တို့စွန့်စားမယ်ဘာတွေပဲ
ဖြစ်ဖြစ်အဲ့အနုမြူဓာတ်လုံးကိုရအောင်ရှာပြီး
ကျွန်တော်တို့ချစ်တဲ့သူကိုရအောင်ကယ်မယ်
နတ်ဆရာမကြီးသာလမ်းညွှန်ပေးပါရေအောက်
ထဲဘယ်လိုသွားရှာရမလဲဆိုတာ"

jungkook ကလည်း yoongi စကားကို
ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်အပြည့်ဝထောက်ခံကာ
နတ်ဆရာမကြီးရဲ့ပြောစကားကိုနားစွန့်နေသည်။

"အေးမင်းတို့ရဲ့သတ္တိကိုချီးကျူးသလိုမင်းတို့
အချစ်စွမ်းအားကြီးမားကြတာကိုလဲငါလေးစား
မိပါတယ်... စိတ်ချပါမင်းတို့တွေကိုအဆုံးထိ
ငါကူညီပေးမယ်"

ထိုသို့ပြောပြီးနတ်ဆရာမကသူ့အခန်းထဲကအထုပ်
တစ်ထုပ်ကိုသွားယူခဲ့သည်။အထုပ်ကိုဖွင့်လိုက်တော့
တွေ့ရတာကရွှေဝါရောင်ဖန်လုံးလေးနှစ်လုံးပေါ့။

"ရော့မင်းတို့နှစ်ယောက်အတွက်အသုံးဝင်မဲ့အရာ
ငါကိုယ်တိုင်နှစ်ရှည်လပေါင်းကြာတဲ့အထိအစီအရင်
တွေနဲ့ပြုလုပ်ထားတာဒီရွှေလုံးလေးကိုမင်းတို့ပါးစပ်
ထဲထည့်လိုက်တာနဲ့မင်းတို့နှစ်ယောက်ရေသူထီးတွေ
ဖြစ်သွားကြမယ်ပြီးရင်ရေအောက်မှာနေလို့ရပြီ
မင်းတို့ရှာစရာရှိတဲ့အနုမြူလုံးကိုသာတွေ့အောင်ရှာလာခဲ့
  ပြီးရင်ဘာမှမလုပ်ပဲငါ့ဆီသာတန်းလာခဲ့
မင်းတို့ကလေးတွေကိုမရှာနဲ့နော် အဲ့ဒီ့အနုမြူကို
အရင်ငါ့ကိုလာပေးပါပြီးမှရှေ့ဆက်ကြတာပေါ့
ငါလည်းငါလုပ်စရာတွေရှိတာလုပ်ထားမယ်
စိတ်ချစရာတစ်ခုကတော့မင်းတို့ကောင်လေးတွေ
အသက်ရှိပါသေးတယ်အဲ့တာကြောင့်စိတ်မပူကြပဲ
အစီစဉ်တွေမပျက်အောင်ဆောင်ရွက်ကြတော့"

SHARK!Where stories live. Discover now