ရဲသားလေး၏ နေ့စဉ်အလုပ်ဘဝ

4.8K 289 0
                                    


[Unicode]ယနေ့ ရာသီဥတု သာယာပြီး နေသည် တောက်ပစွာ
ထွန်းလင်းကာ တိမ်များလည်း မြင်ကွင်းထဲတွင် ရှိမ
နေပေ ဒီနေ့ သူအားသောကြောင့် ရဲစခန်းသို့သွား၍
သူ၏ဇနီးအားကြည့်ရှုစစ်ဆေးရန် ယွမ်လော့ပြင်ဆင်
နေလေသည်

"အရာရှိ ပိုင်" စြင်္ကံလမ်းအတိုင်း ယွမ်လော့၏အသံ
သည် လူမရောက်ခင် အသံအရင်ရောက်လာလေသည်
တိတ်ဆိတ်နေသည့်ရုံးအတွင်းသို့ ထိုအသံဝင်ရောက်
လာချိန် ပိုင်မင်ဇီသည် ရုံးခန်း၌ရှိနေပြီး စာရွက်စာ
တမ်းအချို့ကြည့်ရှုနေတာ ဖြစ်သည် နောက်စက္ကန့်
တွင် ရုံးခန်းတံခါးဖွင့်လိုက်တာကြောင့် သူခေါင်းမော့
လိုက်သည်

ယွမ်လော့၏မျက်နှာအမူအရာက ရွှင်မြူးပြီးလူသတ်
သမားရုပ်မပေါက်သောအချက်ကြောင့်သာ မဟုတ်ပါက ပိုင်မင်ဇီသည် သူတို့ပထမဆုံးတွေ့ဆုံသည့်နေသို့
ပြန်သွားကြပြီဟု ထင်လိမ့်မည်

"အရာရှိပိုင် စုံစမ်းစစ်ဆေးမှုမှာ ခင်ဗျားကူညီလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် ယွမ်လဲ့ ကဒီဒဏ်ရာ
တွေဘယ်လိုရလာတာလဲနဲ့ ဒါကလူသတ်မှုလားဆိုတာ
ခင်ဗျားဖော်ထုတ်ပေးဖို့လိုတယ်"

"မစ္စတာယွမ် ခင်ဗျားညီလေးနဲ့ပတ်သက်ရင် အရာရှိကျိုးရဲ့အကူအညီ တောင်းသင့်တယ် ကျွန်တော်က
ဒီအမှုမှာ အသေးအဖွဲကိစ္စတွေအတွက်ပဲ တာဝန်ရှိ
တယ်"

"အရာရှိပိုင် ကျွန်တော်ခင်ဗျားကိုတောင်းပန်ပါတယ်
သူကကျွန်တော့်ရဲ့တစ်ဦးတည်းသောညီပါ သူ့ရဲ့
ပင်ကိုစရိုက်ကို ကျွန်တော်ယုံကြည်သလို ဒီကိစ္စနဲ့
ပတ်သက်ပြီး ခင်ဗျားတစ်ခုခုလုပ်နိုင်တယ်ဆိုတာ
သေချာတယ် ဒါကခင်ဗျားကျွန်တော့်ကိုမကူညီချင်တာပဲ ကျွန်တော့်ကို မျက်နှာသာမပေးနိုင်ဘူးလား?"

"အကယ်၍ ဒီကိစ္စက.......မစ္စတာယွမ် ဒီလိုဆိုမှတော့
ကျွန်တော်ခင်ဗျားကို ကူညီပါ့မယ် ဒါပေမယ့်
ကျွန်တော်အချက်အလက်စုဆောင်းပေးတာပဲ
ကူညီမှာ"

"ဒါကလုံလောက်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်"

ထိုစဉ်က ယွမ်လော့သည် သူတို့ကိုထောက်ပံ့ဖို့ မိဘများအားမှီခိုမှုကို ကြာမြင့်စွာကတည်းက ရပ်တန့်ထား
ခဲ့သည် သူသည်ကုမ္ပဏီတည်ထောင်ရန် မိမိကြိုးစားအားထုတ်မှုပေါ်မူတည်လျက် အထက်တန်းကျောင်း
တွင်ရှိနေသေးသည့် သူ့ညီယွမ်လဲ့အား စောင့်ရှောက်
ရန် သူတာဝန်ယူခဲ့သည် သို့သော်ယွမ်လော့သည်
အရေးကြီးပုဂ္ဂိုလ်မဟုတ်လေသောကြောင့် အရာ
အများစုကို မထိန်းချုပ်နိုင်ပေ ထိုအရာကိုတွေ့သည့်
အခါ ပိုင်မင်ဇီသည် ယွမ်လော့တွင်သူ့အမ၏ပုံစံကို
မြင်ခဲ့ရသည်

ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now