[Unicode]နွေးနွေးထွေးထွေးရှိလှသော ကော်ဖီဆိုင်တစ်ဆိုင်အတွင်းဝယ် ကြော့ရှင်းရည်မွန်သောလူငယ်တစ်ယောက်သည် သူ၏အလုပ်ပြီးစီးစေရန်အလို့ငှာ ပျားပန်းခတ်လှုပ်ရှားနေလေသည် နှစ်သစ်ကူးအကြိုနီးနေပြီဖြစ်သောကြောင့် လမ်းမထက်တွင် အမျိုးသမီးများနှင့်စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ပျော်မွေ့နေကြသည်
ဤကဖေးသည် လူကြိုက်များသည် အဟမ်း!အဟမ်း!ဆိုင်မှ နို့လက်ဖက်ရည်သည် စျေးသင့်သည့်အပြင်
ဆိုင်ရှင်၏ နှစ်လိုဖွယ်ကောင်းပြီးဆွဲဆောင်မှုရှိသည့်
အသွင်အပြင်ကြောင့်လည်းဖြစ်သည်'' Matchaမစ်တီးတစ်ခွက် ပုလဲမစ်တီးတစ်ခွက် "
ခပ်ပြတ်ပြတ်အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်ထိုအချိန်တွင် ဆိုင်ရှင်သည် ကျောပေးရင်း နို့လက်ဖက်ရည်များဖျော်ကာ အလုပ်ရှုပ်နေတာဖြစ်သည်
သို့သော် ယင်းကိုကြားလိုက်သည့်အခါ ဖျော်စရာများ
ဆက်မလုပ်မီ သူ၏လက်များသည် သိသိသာသာပင်
ရပ်တန့်သွားသည် သို့သော်လည်း တစ်ယောက်ယောက်များ အနီးကပ်ကြည့်ပါက ဆိုင်ရှင်၏လက်များအနည်းငယ်တုန်နေသည်ကို သေချာပြောနိုင်လောက်ပေသည်'' ခဏစောင့်ပါ '' ဆိုင်ရှင်၏အသံသည်လည်း တုန်ရီနေပုံရလေသည်
နို့လက်ဖက်ရည်စောင့်နေသော မိန်းကလေးနှစ်ယောက်သည် သိချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ ထိုလူကိုလှည့်
ကြည့်ကြသည်မိန်းကလေးများသည် အလွန်အံ့အားသင့်သွားကြလေသည် OMG သူကအရမ်းချောတာပဲ ထိုလူတွင်
တိတိရိရိပုံဖော်ထားသောအသွင်အပြင်များနှင့်
စူးရှသောမျက်လုံးတစ်စုံရှိသည် တစ်စုံတစ်ယောက်က
သူ့ကိုကြည့်ပြီးသည်နှင့် သူနှင့်အတူလိုက်လျောညီထွေနေရန်ခက်ခဲမည်ဖြစ်ကြောင်း ခံစားရပေလိမ့်မည်
သူ၏ပါးလျသောနှုတ်ခမ်းသားများအား ဖိပိတ်ထားပြီး
ဆိုင်ရှင်အား မမှိတ်မသုန်စူးစိုက်ကြည့်နေသည့်အကြည့်
များတွင် သိမ်မွေ့သောအရိပ်အငွေ့များမတွေ့ရပေ
![](https://img.wattpad.com/cover/236388072-288-k104537.jpg)
YOU ARE READING
ချိုချိုဆွိဆွိBL Oneshotများ
Historia CortaBL short essay collections Author(s) : 梨花三醉 Eng translator team Proofreader : lynn Translator : stariehui Myanmar trans by ImayrSora (Both Unicode&Zawgyi) Contains 10 Short Stories(completed) Credict to all authors and translators Photos from pinte...